[ Unicode ]
Chapter 22 - "Didn't you find out, people who make you unhappy, all this time is out of luck"
"နင်သတိမထားမိဘူးလား? နင့်ကို စိတ်မချမ်းမသာဖြစ်စေတဲ့လူတွေ ကံဆိုးကုန်တယ်"
လော့ယွဲ့ တရုတ်ကိုပြန်ရောက်လာပြီဆိုတော့ နှစ်ယောက်သား စနေနေ့ညနေကျရင် ညစာအတူစားဖို့ချိန်းထားသည်။ ဝမ်းရှောင်ဟွေးတစ်ယောက် လော့ယွဲ့ကိုတွေ့ရမယ်ဆိုတာနဲ့တင်ကို အရမ်းပျော်နေသည်။
စတူဒီယိုကနေအလုပ်ဆင်းပြီးတော့ သူလော့ရိ့ အိမ်ဝင်ပြီး မျက်နှာသစ်၊မိတ်ကပ်လိမ်းလိုက်သည်။
လော့ရိ : " ဘယ်လိုဖြစ်တာလဲ၊ ဒီညလုပ်စရာရှိလို့လား?"
"မေမေလေး ပြန်ရောက်ပြီ။ ငါမင်းကို ဟိုတစ်ခေါက်က ပြောထားတယ်လေ။ ငါ့ကို ကလေးလေး လို လုပ်တယ်ဆိုတဲ့တစ်ယောက်။"
" မင်း ကြည့်ရတာအရင်ထက်တောင် ပိုငယ်တဲ့ပုံပေါက်နေတယ်။ ဘာလို့ အသေအချာဝတ်စားထားတာလဲ?"
ဝမ်းရှောင်ဟွေး သူ့ကို မျက်လုံးမှေးကြည့်ပြီး
" သူနဲ့ဓာတ်ပုံရိုက်ချင်လို့။ ငါ့မေမေလေးက အရမ်းလှတာ။ ဓာတ်ပုံထဲမှာအတူပါနေမဲ့လူထက် ပိုချောနေရမယ် "
လော့ရိ ရယ်လိုက်ပြီးတော့ ဖင်လေးကောက်ပြီး မာစကာလာဆိုးနေတဲ့ ဝမ်းရှောင်ဟွေးကို စိတ်ဝင်တစားနှင့်ကြည့်နေသည်။ ဝမ်းရှောင်ဟွေးက ပိန်ပိန်သေးသေးလေးဆိုပေမဲ့ လေ့ကျင့်ခန်းလုပ်ထားသတော့ ဖင်လေးကလုံးတက်နေပြီး ခြေတံရှည်ရှည်သွယ်သွယ်လေးတွေရယ် ခါးသေးသေးလေးရယ်နှင့် အမြင်တင့်တယ်လှသည်။ ကြည့်ရင်းနဲ့ လူက တစ်ခုခုလုပ်ပစ်ချင်လောက်အောင်ပင်။
ဝမ်းရှောင်ဟွေး တစ်ခုခုတွေးလိုက်မိပြီး လှည့်ပြောသည်
"ငါ မိတ်ကပ်လိမ်းတယ်ဆိုတာ ငါကိုယ်တိုင်ကကို ဒီဟာတွေအပေါ် ရူးသွပ်လို့လိမ်းနေတာ။ ငါ့ဆီကနေ ဒါတွေလိုက်မသင်နဲ့နော် "
" ဘာဖြစ်လို့လဲ? အဲ့တာက မကောင်းလို့လား?"
" ကောင်းတာလား ဆိုးတာလားက မေးနေစရာမှမလိုတာ။ ငါက ဂေး၊ မင်းကမဟုတ်ဘူး မိတ်ကပ်လိမ်းတဲ့ယောက်ျားလေးတွေကို ကြိုက်တဲ့လူဆိုတာ ခပ်ရှားရှားရယ် "