[ Unicode ]
Chapter 15- "I don't have a mother anymore, I don't want to lose you again."
"ကျွန်တော့်မှာ အမေမရှိတော့ဘူး၊ နောက်တစ်ကြိမ် ကျွန်တော် ကောကိုအဆုံးရှုံးမခံချင်တော့ဘူး"
ဝမ်းရှောင်ဟွေး ကားငှားမလို့လုပ်နေတုန်း လော့ရိက "မငှားနဲ့၊ ကျွန်တော် ကားယူလာတယ်"
"အို...အာ? မင်းမှာ လိုင်စင်ရှိလို့လား?"
"အရမ်းမိုးချုပ်နေပြီပဲ ဘယ်သူမှမစစ်ပါဘူး။"
လော့ရိ ဝမ်းရှောင်ဟွေးလက်ကို ဆွဲပြီး တိုက်ဝန်းထဲကနေထွက်လာသည်။
တိုက်ဝန်းဂိတ်ရဲ့ လမ်းတစ်ဖက်မှာ နက်ပြာရောင် Lamborghini Batတစ်စီးရပ်ထားသည်။ လော့ရိ သူ့ကို ထိုကားဆီခေါ်သွားသည်။
ဝမ်းရှောင်ဟွေး ကားကိုမြင်လိုက်တော့ "အမလေး၊ ဗုဒ္ဓါ၊ ဘုရားရေ၊ ဒါမင်းကားလား?"
လော့ရိမျက်နှာက ဘာခံစားမှမရှိသလို. . . စိတ်ဆိုးနေမှန်းသိသာသည်။
"မားရဲ့ကား၊ ကားပေါ်တက်"
အခုလေးတင်ပူပူနွေးနွေးရလာတဲ့ ဒဏ်ရာကိုတောင် မေ့သွားပြီး ဝမ်းရှောင်ဟွေး ကားဆီပြေးသွားလိုက်ပြီး ယစ်မူးစွာနှင့်
"ဘေဘီ၊ မင်း အရမ်းလှတာပဲ"
လော့ရိက မျက်နှာတည်တည်ကြီးနှင့်
"ရှောင်ဟွေးကော၊ ကားပေါ်တက်"
ဝမ်းရှောင်ဟွေး သူ့အပြစ်နှင့်သူ လိပ်ပြာမလုံဖြစ်နေတော့ ဇတ်လေပုပြီး ကားပေါ်တတ်လိုက်သည်။ ကားထိုင်ခုံ ဒီဇိုင်းအနေအထားအရ ထိုင်လိုက်တာနဲ့ ခါးနဲ့ဖင်က အလိုလိုကို နစ်ဝင်သွားသည်။ လည်ပင်းနေရာက ခုံနဲ့ကွက်တိဖြစ်နေတော့ တော်တော်လေး သက်တောင့်သက်သာမရှိ။
ဒီ Lamborghiniကြီးနဲ့သာ sefileဆွဲလိုက်ရရင် ဆိုပြီး ကင်မရာထားရမဲ့ angleအကြောင်းတောင်တွေးနေမိသည်... စတီယာတိုင်က လိုဂိုကြီးကိုလည်း အမှတ်တမဲ့ဓာတ်ပုံထဲပါသွားသလိုဖြစ်အောင်ရိုက်ရမယ်....
ဒါပေမဲ့ လော့ရိကားတံခါးကို ပိတ်လိုက်ချိန်မှာတော့ ကားထဲကလေထုအနေအထားက အခြေအနေမကောင်းလို့ မရိုက်လိုက်ရတော့...