Chapter 14

17.3K 3K 707
                                    


[ Unicode ]


Chapter 14- Luo Yi spoke, with a low voice: "Why are you lying."

လော့ရိက အသံတိုးတိုးလေးနှင့်ပြောလာသည် : " ကော ဘာလို့လိမ်နေတာလဲ "

ဝမ်းရှောင်ဟွေး အပြင်ရောက်တော့ တက္ကစီငှားလိုက်ပြီး ကားဆရာကို မြန်မြန်မောင်းခိုင်းလိုက်သည်။ Guo Degang's cross talk အစီအစဥ◌်က ရေဒီယိုမှာလာနေသည်။ ဝမ်းရှောင်ဟွေး စိတ်ကလောနေတာဆိုတော့ ရေဒီယိုကအသံကြားနေရတာကိုက သူ့စိတ်ထဲ အနှောက်အယှက်ဖြစ်နေရသည်။

ဆစ်ဒနီ အရမ်းမူးနေတုန်းကတစ်ခါ သူ့ယောက်ျားဟောင်းအကြောင်း သူ့ကို ပြောပြဖူးသည်။ သူတို့နှစ်ယောက်က အထက်တန်းထဲက အတန်းဖော်တွေဖြစ်ပြီး နှစ်တွေအကြာကြီးအတူရှိခဲ့ကြသည်။ ဘွဲ့ရပြီးနောက် သူတို့နှစ်ယောက် လက်ထပ်ဖြစ်ကြသည်။ နောက်ပိုင်း ဆစ်ဒနီ့အလုပ်က အဆင်ပြေပြေရှိလာတဲ့အချိန် သူ့ယောကျ်ားဟောင်းအလုပ်က အဆင်မပြေမှုတွေကြည့်ကြုံနေရသည်။ သူ့မိန်းမရဲ့အောင်မြင်မှုကြောင့်နဲ့ အမျိုးမျိုးသော ဖိအားတွေကိုရင်ဆိုင်လာရပြီး အဲ့ကနေ တဖြည်းဖြည်း အရက်စွဲသွားတော့သည်။ နေ့တိုင်းကို စိတ်တွေတစ်ချိန်လုံးတိုနေ၊ ဘာအလုပ်မှလည်းမလုပ် အလေလိုက်နေပြီး၊ သံသယတွေနဲ့ မယုံသင်္ကာတွေဖြစ်နှင့် လုံးဝကို အခြားလူတစ်ယောက်လို ပြောင်းလဲသွားတော့သည်။ ဆစ်ဒနီ့ဆီကနေ ပိုက်ဆံလက်ဖြန့်တောင်းသည်။ ဆစ်ဒနီကမပေးရင်ကျ ထင်ရာစိုင်းပြီး လုပ်ရာချင်တွေလျှောက်လုပ် ဝုန်းဒိုင်းကျဲသည်။

အဲ့တာနဲ့ပဲ ဆစ်ဒနီတစ်ယောက် သူ့မြို့ကနေရှောင်ထွက်လာခဲ့တော့သည်။

မြို့တော်ရောက်တော့ သူမအလုပ်က ပိုလို့တောင် အောင်မြင်လာတော့သည်။ ဒါပေမယ့် သူမယောက်ျားဟောင်းရဲ့ နှောက်ယှက်မှုများက အတောမသတ်သွား...

ဒီတစ်ခေါက်လည်း သူမအိမ်အသစ်ကို အဲ့သတ္တဝါကြီးသိသွားပြန်တဲ့ပုံပါပဲ...

ဝမ်းရှောင်ဟွေး လက်သီးဆုပ်လိုက် ပြန်ဖြည်လိုက်နှင့် စိတ်ပူပန်မှုတွေကို လျှော့ချနိုင်ဖို့ ကြိုးစားနေသည်။ သူ အဲ့လူကို ကြောက်မနေပါဘူး။ ဘယ်လိုလုပ် တစ်ချိန်လုံးမူးကွဲနေတဲ့ အရက်သမားခန္ဓာကိုယ်က ပိုသာနိုင်ရမှာလဲ? သူ ဆစ်ဒနီ အဲ့အယုတ်တမာရဲ့ အကျပ်ကိုင်ငွေညှစ်နေတာကို အချိန်တွေအကြာကြီးခြိမ်းခြောက်ခံနေရပေမဲ့ ပြန်တုံ့ပြန်ဖို့ နည်းလမ်းမရှိတာကိုတွေးမိပြီး ဘယ်လိုမှ သူ့ဒေါသတွေကို ထိန်းချုပ်ထားလို့မရ။

Additional Heritage [Myanmar Translation]Where stories live. Discover now