Chapter 17

17.9K 3K 939
                                    


Chapter 17 - I feared that the world not be chaotic and said: "Seriously, you are more like a couple."

ရှောက်ချွင် ကမ္ဘာကြီး ကမောကမမဖြစ်သွားမှာ ပူပန်သွားရပြီးပြောလိုက်သည်

" အံ့ဩဖို့ကောင်းလိုက်တာ၊ မင်းတို့နှစ်ယောက်က အတွဲတွေနဲ့တောင် ပိုတူနေသေးတယ်"


ဝမ်းရှောင်ဟွေး တုံးအချင်ယောင် ကြိုးစားဟန်ဆောင်ပြီး

"သခင်လေးရှောက်၊ အမှန်တော့ သခင်လေး ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲဆိုတာ တကယ်နားမလည်ပေမဲ့ ယွမ်သန်းတစ်ရာလို ငွေပမာဏအများကြီးကိုရမယ်ဆိုတော့ ကျွန်တော်လုပ်ဝံ့တယ်လေ။ အဲ့တာနဲ့ အမေ့ကို ပြန်ပြောလိုက်တော့ အမေက မလုပ်ရဘူးတဲ့။ အလုပ်ပဲ ကြိုးစားလုပ်ပါရစေ"

ရှောက်ချွင် မျက်ခုံးပင့်လိုက်ပြီး ပြောသည်

"မင်းအမေကို ပြောပြတယ်?"

အလာတုန်းက လော့ရိနဲ့ တိုင်ပင်ထားတဲ့အတိုင်း သူပြန်ပြောလိုက်သည်

"ဟုတ်၊ ဒီလိုမျိုးကိစ္စကြီးကို အမေနဲ့တိုင်ပင်မှဖြစ်မှာပေါ့"

သူ့မျက်နှာအမူအရာက ဒီကမ္ဘာကြီးအကြောင်းဘာမှမသိတဲ့ကလေးလေးတစ်ယောက်ကို တကယ်ကို နုံအလွန်းသည့်ပုံနှင့်။

ရှောက်ချွင် သူကိုမျက်လုံးမှေးကြည့်ပြီး

" ငါ့ဆီလာပြီး တုံးသလိုလိုအသလိုလို ဟန်ဆောင်ပြမနေနဲ့။ ငါ မင်းကိုပြောထားတဲ့ကိစ္စက ရိုးရိုးရှင်းရှင်းလေး။ မင်း ငါ့အတွက် Ravenနဲ့ အခြားသူဌေးနှစ်ယောက်ရဲ့ ဆက်ဆံရေးကို စောင့်ကြည့်ပေးရုံပဲ။ မင်းတကယ် အဲ့လစာလောက်နဲ့ပဲ ကျေနပ်နေမှာလား?"

"သခင်လေးရှောက်၊ ကျွန်တော် ဟန်မဆောင်ပါဘူး။ သခင်လေးရှေ့မှာ ကျွန်တော်အဲ့လိုမလုပ်ရဲပါဘူး"

ရှောက်ချွင် သူ့ကိုကြည့်ပြီး ခပ်တည်တည်နှင့်မေးလိုက်သည်

"မင်းလည်ပင်းက ဒဏ်ရာက ဘယ်လိုဖြစ်တာလဲ?"

ဝမ်းရှောင်ဟွေး တစ်ခဏမျှ ကြောင်အလို့နေသည်။ ခေါင်းငုံ့ပြီး ဖုန်းနဲ့ပဲထိုင်ဆော့နေတဲ့ လော့ရိလည်း ခေါင်းမော့လာသည်။

Additional Heritage [Myanmar Translation]Where stories live. Discover now