[Sweetheart] Extra - 21

7.3K 1.3K 327
                                    


[Unicode]

[Sweetheart] Extra - 21

Chapter 127

လီရှော့ အနည်းငယ် အံ့အားသင့်သွားသည်။

"ဘယ်လိုဖြစ်လို့လဲ"

လော့ယွဲ့ ရင်ဖွင့်ပစ်ချင်သော ပစ်ချင်သော စကားတို့မှာ ရင်နှင့် တနင့်တပိုး။ လီရှော့၏ စစ်မှန်လှသည့် ကြင်ကြင်နာနာ မျက်ဝန်းတို့ကိုကြည့်ပြီး သူ ထိန်းမထားနိုင်စွာ ထုတ်ပြောမိတော့သည်။ လီရှော့၏ အတွေ့အကြုံတို့က တကယ်ပဲ သူ့ကို အကူအညီဖြစ်ကောင်း ဖြစ်နိုင်တာပဲလေ။ သူ မပွင့်မအလေးနှင့် ပြော၏

"ရှောင်ဟွေးကို ပြန်မပြောပြပါဘူးလို ကတိပေးနိုင်မလားဟင်။ သူ ဟိုမှာ ပတ်ဝန်းကျင်နဲ့ အသားကျအောင် ကြိုးစားရ၊ စာတစ်ဖက် အလုပ်တစ်ဖက်နဲ့ အရမ်းအလုပ်များနေမှာ။ ကျွန်တော် သူ့ကို စိတ်မပူရစေချင်ဘူး"

"ဟုတ်ပါပြီ... ကိုယ် ကတိပေးတယ်၊ သူ့ကို မပြောပြဘူးနော်"

လော့ယွဲ့ ဝိုင်လေးတစ်ငုံ ငုံ၊ သက်ပြင်းချလိုက်ပြီးမှ...

"စစချင်းတုန်းက ကျွန်တော်က သူ့ကိုလိုက်ခဲ့တာ။ ကျွန်တော် သူ့ကို လိုက်ခဲ့တုန်းက စစချင်း သူ ကအေးစက်စက်ကြီး။ ဒါပေမဲ့ နောက်တော့ "စမ်းသပ်ကြည့်ရအောင်"လို့ ပြောလာတယ်။ ကြည့်ရတာ သူက ဒီတိုင်း "စမ်းသပ်ကြည့်မယ်"ပြောလာတာကို ကျွန်တော်က အတည်ကြီး မှတ်ယူမိတယ် ထင်ပါရဲ့။ ဒါပေမဲ့ ကျွန်တော် ဒီဆက်ဆံရေးကို တကယ် တလေးတနက် ရှိခဲ့ပါတယ်။ နောက်တော့ သူ ပြောလာတယ်... သူ ယောက်ျားတွေကို သဘောမကျပါဘူးတဲ့။ အဲ့တာကြောင့် သူ ရှေ့ဆက်မတိုးကြည့်ချင်တော့ဘူးတဲ့"

လော့ယွဲ့ ပြောရင်းပြောရင်း အသံက တိုးဝင်လာခဲ့သည်။ သူ တကယ်ကို အရှက်ရရပါ၏။ သို့သော် နှလုံးသားမှ နာကျင်မှုနှင့် နှိုင်းယှဥ်ရပါသော် ဤမျှလောက်သည် စာပင်မဖွဲ့လောက်ပေရာ။

လီရှော့က သက်ပြင်းချပြီး သူ့ခေါင်းလေးကို ပုတ်သတ်ပေးလာပြီး

"မင်း ဘာလို့ ဒီလောက် တုံးအတာလဲကွာ"

လော့ယွဲ့ ငိုကြွေးခြင်းထက် ကြည့်ရဆိုးသော အပြုံးတစ်ပွင့်ကို ဆင်လျက်

Additional Heritage [Myanmar Translation]Where stories live. Discover now