Chapter 91

12.2K 2.1K 463
                                    


[Unicode]

Chapter 91

ချန်းရှင်းက ဖုန်းတစ်လုံးထုတ်ပြီး ဝမ်းရှောင်ဟွေးကို ပစ်ပေးလာသည်။ ဝမ်းရှောင်ဟွေး ယူကြည့်လိုက်တော့ သူ့ဖုန်းဖြစ်နေသည်

"လော့ရိဆီ ဖုန်းခေါ်။ ပြီးရင် မင်း အခု နန့်ဖာန်ဟိုတယ်ရဲ့ အခန်း 8801မှာ၊ နေ့လယ် သုံးနာရီကျ လာခေါ်ပါလို့ပြောလိုက်"

ဝမ်းရှောင်ဟွေး ဖုန်းကို တင်းတင်းကျပ်ကျပ် ကိုင်ထားရင်း "ခင်ဗျား သူ့ကို ဘာလုပ်မလို့လဲ?"

"မင်းအပူမပါပါဘူး။ ခေါ်စရာရှိတာသာခေါ်"

ချန်းရှင်းက ဝမ်းရှောင်ဟွေးကို ကြည့်လာပြီး ဆက်ပြော၏... "ငါလည်း မင်းကို အသုံးမချချင်ပါဘူး။ ဒါပေမဲ့ ငါက သိပ်စိတ်ရှည်တတ်တာမဟုတ်ဘူးလေ"

ဝမ်းရှောင်ဟွေး သူ့အောက်နှုတ်ခမ်းသူ တင်းတင်းဖိကိုက်ထားမိ၏။ ချန်းရှင်းရဲ့ အကြည့်များက သူ့အား ခိုက်ခိုက်တုန်နေစေတော့သည်...

သေရမှာကို ကြောက်တာပေါ့၊ သူလည်း နာကျင်ရမှာကြောက်တာပေါ့။ ဒါပေမဲ့ တစ်ဖက်ကနေလည်း သူခေါ်လိုက်တဲ့ဖုန်းကြောင့် လော့ရိ အန္တရာယ်တစ်စုံတစ်ရာ ကြုံရလေမှာကိုလည်း စိတ်ပူနေမိသည်။

ဘာကိုရွေးချယ်ရွေးချယ် နာကျင်မှုက ယှဥ်တွဲလျက်... ထိုသည်တို့ထဲ ဘယ်သို့နာကျင်ရခြင်းက ပိုလို့ဝေဒနာပြင်းထန်လေမလဲ... သူမပြောနိုင်။ ကားမတော်တဆဖြစ်ပြီး ပြန်မနိုးလာရမှာလို့သာ တွေးမိတော့သည်။

ချန်းရှင်းက စီးကရက်ကို မီးသတ်လိုက်ပြီး "ငါ မင်းကို နောက်ဆုံးတစ်ကြိမ် အခွင့်အရေးထပ်ပေးမယ်၊ ဖုန်းခေါ်လိုက်..."

ဝမ်းရှောင်ဟွေးခေါင်းက တဆုံးငိုက်စိုက်ကျသွားပြန်သည်။ အဲ့အချိန် ရုတ်တရက် ခေါင်းထဲ တစ်ခုသတိရသွားသည်! လော့ရိက သူ့ဖုန်းကို အမြဲတမ်း စောင့်ကြည့်နေတဲ့လူ။ သူ သူ့ဖုန်းကို ဘယ်လိုလုပ်ပစ်ပစ် အသုံးမဝင်။ လော့ရိက အကုန်သိနေမြဲ။ ဒါ့ကြောင့် အခုလည်း သူ ဘယ်မှာရှိနေတယ်ဆိုတာကိုလည်း လော့ရိ သိနေလောက်မည်။ သူ ဖုန်းခေါ်လိုက်မယ်ဆို အနည်းဆုံးတော့ သူ အန္တရာယ်ကင်းတာကို လော့ရိ သိရတာပေါ့!

Additional Heritage [Myanmar Translation]Where stories live. Discover now