[Unicode]
Chapter 68
မင်္ဂလာဆောင်မတိုင်ခင် ရက်နည်းနည်းအလိုမှာတော့ သူ ပိုက်ဆံသွားထုတ်ချင်တယ်လို့ ဝမ်းရှောင်ဟွေး လော့ရိ့ကိုပြောလိုက်သည်။
"ပိုက်ဆံက ဘာလုပ်ဖို့လဲ?"။ လော့ရိက 28လက်မ suitcaseကိုဖွင့်ကာ အူမြူးလျက်ပြော၏ "ဒီနေ့ ကျွန်တော် ကောအတွက် အဝတ်အစားတွေ အများကြီး သွားဝယ်လာတာ၊ စမ်းဝတ်ကြည့်ပါလား"
ဝမ်းရှောင်ဟွေး တစ်ချက်ဝေ့ကြည့်လိုက်သည်။ လော့ရိက အဝတ်အစားနှင့်ပတ်သက်ပြီး စိတ်ဝင်တစား မရှိလှပေမဲ့ အကောင်းကြိုက်တတ်သည်။ အဝတ်ဝယ်ရင် သူ့အကြိုက် Minimalist styleကို အသားပေး ဝယ်လေ့ရှိ၏။ ကွာလတီနှင့် ချုပ်ရိုးချုပ်သား အဓိကအလေးပေးပြီး ရိုးရိုးလေးနှင့် ကြော့ရှင်းနေတာမျိုးတွေ ရွေးဝယ်တတ်သည်။ ဒါ့ကြောင့် သူ့အဝတ်တွေက ဖက်ရှင်ကျကျ မိမိုက်နေတာတွေကြည့်။
"ငါ့အမေမင်္ဂလာဆောင်ကို ငါ လက်ဗလာနဲ့ သွားလို့မရဘူးလေ" ဝမ်းရှောင်ဟွေး ပြော၏။
လော့ရိက အင်္ကျီတစ်ထည်ကို ထုတ်ပြီး ဝမ်းရှောင်ဟွေးကို "စမ်းဝတ်ကြည့်ကြည့်"လို့ပြောတဲ့သဘော လှမ်းပေးလာ၏။
ဝမ်းရှောင်ဟွေး အင်္ကျီကို ယူလိုက်ပြီး "မားနာမည်နဲ့ ပိုက်ဆံနည်းနည်းထားချင်လို့"
"အင်း၊ depositဘယ်လောက်ထားချင်တာလဲ?"
"အများကြီး"
"ကျွန်တော် ခဏနေကျရင် စုန့်ချီကို bankဆီဖုန်းခေါ်ပြီး appointmentလှမ်းယူဖို့ ပြောထားလိုက်မယ်၊ သူ ကောကို မနက်ဖြန်ကျရင် ခေါ်သွားပေးလိမ့်မယ်နော်"
"ဟုတ်ပြီ" ဝမ်းရှောင်ဟွေး အင်္ကျီကိုယူလဲလိုက်သည်။ အလုပ်ထွက်ပြီးနောက်မှာ သူ အချိန်တစ်ခုစာလောက်ထိ ရပ်တည်နိုင်ဖို့ ပိုက်ဆံတွေလိုအပ်သည်။ သူ အစကတော့ လော့ရိ သူ့ကိုပေးသည့် ပိုက်ဆံတွေကို ရွံခဲ့သည်။ အခုတော့ လူတစ်ယောက်က တကယ့်လက်တွေ့ဘဝကို လက်ခံနိုင်ရမည့်ပုံပေါ်သည်။ ပိုက်ဆံသာမရှိရင် သူ အရာအားလုံးကို လက်လျော့ စွန့်လွှတ်ခဲ့ရရုံသာရှိသည်၊ အခုထက် အဆပေါင်းများစွာ ပိုမိုတဲ့ သတ္တိတို့ လိုလိမ့်မည်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ ပိုက်ဆံထုတ်တဲ့အချိန်မျိုးမှာ ခြေရာခံမလိုက်နိုင်စေရန် သေချာစေဖို့ သူ ဘဏ်အကောင့်ထဲက ငွေတွေကိုထုတ်ပြီး သူ့အမေဆီတစ်ပုံ လော့ယွဲ့ဆီတစ်ပုံ လွှဲထည့်ထားရမည်။