Chapter 13

18.6K 3K 541
                                    


[ Unicode ]


Chapter 13- "If he really fell in love with you, what are you going to do?"

"သူ တကယ်ပဲ ကောကိုကြိုက်တာပါဆို၊ ကော ဘာလုပ်မှာလဲ?"

ရှောက်ချွင် ဘေးဘီကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဒီနေ့ ဧည့်ကလည်းပါး၊ ထိုင်နေတာလည်း ချောင်နားမှာဆိုတော့ သူတို့ပြောတဲ့စကားကို ဘယ်သူမှမကြားနိုင်။ သူအသံကိုနှိမ့်ပြီးပြောလိုက်သည်

" ငါမင်းကိုပြောမဲ့စကားက အရေးကြီးတယ် "

ဝမ်းရှောင်ဟွေး ဒီလို ကြောက်လန့်ဖို့ကောင်းတဲ့ အခြေအနေမျိုးကြီးမှာ မတ်မတ်ရပ်မနေနိုင်

"အဲ့တာဆို ကျွန်တော့်ကိုမပြောနဲ့တော့"

ရှောက်ချွင်ကို သူဘာကူညီနိုင်မယ်ဆိုတာကို သူမသိ။ ကူလည်း မကူညီချင်...

ရှောက်ချွင် သူ့ကို မှန်ထဲကနေစိုက်ကြည့်လာသည်။

ဝမ်းရှောင်ဟွေး တိုးတိုးလေးပြန်ပြောလိုက်သည်

" ပြောပါ၊ ကျွန်တော် သတိထားမယ်လို့ ကတိပေးပါတယ် "

"ကျွီးရှင်းက ရင်းနီးမြှုပ်နှံမှုကိစ္စ ပြောဆိုနေကြတာမင်းသိလား?"

ဝမ်းရှောင်ဟွေးခေါင်းငြိမ့်သည်။

" တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ရန်ပုံငွေလေလံပွဲနေ့တုန်းက ငါ့ကို ရင်းနီးမြှုပ်နှံမှုကုမ္မဏီသူဌေးက စကားစမြည်လာပြောရင်း ရှယ်ယာကိစ္စ စိတ်ဝင်စားလားလို့မေးတယ်။"

"အို"

ဝမ်းရှောင်ဟွေး သူ့စကားဆက်တာကို စောင့်နေသည်...

"ငါ ဒီပရောဂျက်နဲ့ပတ်သက်ပြီး စိတ်ဝင်စားနေတုန်းပါပဲ။ ဒါပေမဲ့ မင်းသူဌေးတွေက ခေါ်ဈေးအမျိုးမျိုးပြောနေကြတယ်"

ရှောက်ချွင် မှုန်ကုပ်ကုပ်နှင့်ကြည့်လာပြီး

"အဲ့တာထက် သူတို့စိတ်က သုံးရက်တစ်ခေါက်လောက်ပြောင်းနေကြတာ။ သူတို့အမြင်တွေကလည်း တစ်ယောက်တစ်မျိုးစီတွေ"

"ဟုတ်တယ်၊ ကျွန်တော်တို့ သူဌေးသုံးယောက်လုံးက အမြင်မတူကြဘူး"

Additional Heritage [Myanmar Translation]Opowieści tętniące życiem. Odkryj je teraz