Chapter 103

15.2K 2.2K 356
                                    


[Unicode]

Chapter 103

လော့ရိဆေးရုံတက်နေရတဲ့အတောအတွင်း ဝမ်းရှောင်ဟွေး ရဲတွေနဲ့ပူးပေါင်းပေးကာ သက်သေစုဆောင်းရမှာ သူ ကူညီနိုင်သလောက် ကူညီခဲ့သည်။ ထို့အပြင် သူ ကိုယ်တိုင် တရားခွင်တက်ပြီး သက်သေထွက်ဆိုဖို့ပါ ဆုံးဖြတ်ခဲ့သည်။ ခွေးတစ်အုပ် ဂျေးအောင်းနှစ်ရှည်လေ သူ့အတွက် ကျေနပ်ရလေပင်။

ထိုကိစ္စအတွက် ရက်အတန်ကြာ အလုပ်များနေခဲ့ရအပြီးမှာတော့ သူ လီရှော့ဆီ ဆက်သွယ်ခဲ့ပြီး ညစာအတူစားဖို့ ချိန်းလိုက်သည်။ လီရှော့က သူဖုန်းဆက်လာတာကို အံ့သြခြင်း အလျှင်းမရှိ။ ပြောတာတော့ သူ့ကို လော့ယွဲ့ပြောပြထားသည်ကြောင့် လော့ရိမသေတဲ့ကိစ္စ ကြားထားနှင့်ပြီးဖြစ်သည်တဲ့။ လီရှော့ သူ့အတွက် တိတ်တဆိတ် ဂရုစိုက်ပေးနေတာ သူသိပါသည်။

လီရှော့နှင့် ညစာအတူစားဖို့ ချိန်းထားသည့်ရက်ကျ ဝမ်းရှောင်ဟွေး ကိုယ့်ကိုယ်ကိုယ် သေချာလေး ပြန်ပြင်ဆင်ဖြစ်ခဲ့သည်။ မှန်ကြည့်ပြီး ဆံပင် ရှေ့ဆံမြိတ်ကို တိ၊ လည်ထောက်အတိဆံပင်လေးကို ponytailစည်း၊ မျက်ခုံးမွှေးရိတ်ပြီး မိတ်ကပ်ပါပြင်လိုက်သည်။ သူ့ကိုယ်သူ မှန်ထဲမှာကြည့်ရင်း သူ့စိတ်တို့ ပိုလို့အားအင်ပြည့်လာခဲ့သည်။ သူ ဘယ်အချိန်က နောက်ဆုံး ပြင်ပြင်ဆင်ဆင် ဝတ်စားခဲ့သည် မမှတ်မိတော့။ သူကတော့ဖြင့် အသက် ၇၀ကျော်၊ ၈၀ကျော်ရောက်ရင်တောင် အပြင်မသွားခင် ပြင်ပြင်ဆင်ဆင် နေဦးမှာပဲလို့ တစ်ကြိမ်တစ်ခါ တွေးခဲ့ဖူး၏။ သို့ပေမယ့် အခုတော့ ဘဝက တစ်ခါတစ်လေမှ ထင်သလိုလေးပဲ တရားသေ မရှိနိုင်တတ်ကြောင်းကို သိခဲ့ရပြီ... မျက်နှာသစ်ဖို့ပင် စိတ်မဆောင်လူမရွေ့တဲ့ နေ့ရက်များ ရှိခဲ့ပြီးပြီလေ။ အခုလည်း အရင်လောက် စိတ်မှာအားအင်မပြည့်သေးပေမယ့်လို့ လီရှော့ရှေ့မှာတော့ သူ သပ်သပ်ရပ်ရပ်ရှိနေချင်သည်၊ ဒါမှသာ သူ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိရှိ မျက်နှာပြနိုင်လေမှာ။

သူ စားသောက်ဆိုင်ထဲဝင်သွားတော့ ထုံးစံအတိုင်းပဲ လီရှော့က အရင်ကြိုရောက်နေနှင့်ပြီ။ ဒီလိုအသေးစိတ်ကျကျ အလေးအနက်ရှိတတ်ခြင်းကပဲ လီရှော့ဆိုသည့် ဒီလူအား သဘောကျဖွယ်အတိပြီးပြည့်စုံခြင်းဟူသည်၏ ပြရုပ် ဖြစ်နေစေသော အကြောင်းပေ။

Additional Heritage [Myanmar Translation]Where stories live. Discover now