Chapter 99

11.9K 2.1K 114
                                    


[Unicode]

Chapter 99

ဆေးရုံထဲကနေ ဝမ်းနည်းညှိုးငယ်သော ခြေလှမ်းများဖြင့် ပြန်ထွက်လာခဲ့ပြီး သူ ဒီတစ်သက် ဘယ်တော့မှ မဆက်သွယ်ဖြစ်တော့ဘူးလို့တွေးထားတဲ့ ဖုန်းနံပါတ်ဆီ ဖုန်းခေါ်လိုက်သည်။

"ဟယ်လို ရှောင်ဟွေး?"

"...ရှေ့နေချိုင်"

ဝမ်းရှောင်ဟွေး၏အသံမှာ ဖျော့လျော့စွာ။

ချိုင်ဟိုင်က အတော်လေး အံ့အားသင့်လျက် "ဝမ်း ဘာကိစ္စများရှိလို့လဲ?"

ဝမ်းရှောင်ဟွေး နှုတ်ခမ်းကိုဖိကိုက်ထားလျက် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးနောက် တိုးဖျော့သောအသံဖြင့် "လော့ရိနဲ့ ချန်းရှင်းရဲ့ အလောင်းတွေက ပြန်ရှာမတွေ့သေးဘူးလို့ ရဲဘက်က ပြောပြသွားတယ်"

"အင်း... အဲ့ပင်လယ်ဝက ရေဝဲလည်းရှိတာဆိုတော့ အဲ့ထဲပါသွားတာမျိုးလည်း ဖြစ်နိုင်တယ်..."

"အခြားလူတွေရဲ့အလောင်းတွေကျ ရှာတွေ့ပြီး ဘာလို့ သူတို့နှစ်ယောက်မှလဲ?!"

"ရှာတွေ့တယ်ဆိုတာကလည်း ကိုယ်လုံးအပြည့်မဟုတ်ဘူး ဝမ်း... တစ်ပိုင်းစီတွေ"

ချိုင်ဟိုင့်အသံက သိပ် စိတ်မရှည်ချင်တော့၊ စကားကို မြန်မြန်ဖြတ်နေသည်။

ဝမ်းရှောင်ဟွေး တအောင့်မျှ အသံတိတ်သွားပြီး "ကျွန်တော် အခု xxဆေးရုံမှာ"

ချိုင်ဟိုင့်အသက်ရှူသံ တန့်သွားတာကို ဝမ်းရှောင်ဟွေး အသေအချာ သတိထားမိလိုက်သည်။

ချိုင်ဟိုင်က အသည်းအသန် ပြန်ပြောလာ၏... "ဝမ်း ပြနေကျက အဲ့ဆေးရုံနဲ့ အဆက်အစပ်မရှိဖူးပါဘူး...ဘယ်လိုဖြစ်ပြီး အဲ့ရောက်သွားတာလဲ?"

"အင်း... အိမ်နဲ့ နီးလို့"

ဝမ်းရှောင်ဟွေး ဖုန်းကို ကျစ်ကျစ်ပါအောင် တိုးကိုင်လို့...

"ကျွန်တော် ဟိုနေ့က အပန်းဖြေစခန်းတစ်ခုမှာ မေ့လဲသေးတယ်။ ကျွန်တော် လဲကျနေတာတွေ့သွားပြီး လူတစ်ယောက်က ကျွန်တော့်ကို ဆေးပေးခန်းပို့ပေးခဲ့တာ... ဆေးခန်းက ဝန်ထမ်းတစ်ယောက်ပြောပြတာတော့ ကျွန်တော့်ကိုလာပို့ပေးတဲ့တစ်ယောက်က အရပ်ရှည်ရှည် ပိန်ပိန်၊ တော်တော်လေးလည်းငယ်တယ်၊ အသားလည်း ဖြူပြီး..."

Additional Heritage [Myanmar Translation]Où les histoires vivent. Découvrez maintenant