Chapter 78

15.4K 2.5K 491
                                    


[Unicode]

Chapter 78


လော့ရိ့ ကြည့်ရတာ ပေကျင်းကိုပြန်ဖို့ အလျှင်မလိုသည့်သဘောရှိသည်၊ ဒါပေမဲ့ အဲ့အစား ဝမ်းရှောင်ဟွေးငှားထားသည့် အိမ်တွင် ကျောက်ချနေ၏။

သူ့ တစ်နေ့တာ လုပ်ငန်းဆောင်တာက အရင်လိုအတိုင်းပဲ စက်ရုပ်တစ်ရုပ်လို ပုံသေရှိလှ၏။ မနက်ဆို ခြောက်နာရီထ၊ မိနစ်လေးဆယ် တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်၊ ပြန်လာရင် ရေချိုး၊ မနက်စာပြင်ဆင်ပြီး ဝမ်းရှောင်ဟွေးကို လာနှိုးသည်။

ဟိုးအစတုန်းကတော့ ဝမ်းရှောင်ဟွေး ဒါကို ကိုယ့်ကိုကိုယ် စည်းစနစ်ကျကျ လေ့ကျင့်နေထိုင်တတ်သူလို့ တွေးမိဖူးသည်။ ဒီလိုအကျင့်ရှိတဲ့လူတွေက ထူးကဲသာလွန်တဲ့ ဉာဏ်ရည် ပိုင်ရှင်များကလွဲရင် အခြားဖြစ်နိုင်စရာမရှိ။ ရှာဖွေတွေ့ရှိထားမှုတွေကလည်း ထိုသို့ပဲ သက်သေပြထားသည်။

ဒီနေ့တော့ ဝမ်းရှောင်ဟွေး headphonesတပ်ထားပြီး ကွန်ပြူတာရှေ့က တစ်ချက်မခွာ ဂိမ်းထိုင်ဆော့နေတုန်း ရုတ်တရက် တစ်စုံတစ်ယောက်က သူ့နားကြပ်ကို ဆွဲဖယ်လာသည်...

ဝမ်းရှောင်ဟွေး နောက်လှည့်မကြည့်၊ လက်ကိုသာ keyboardနှင့် mouseတို့ပေါ်မှာနေ အောက်သို့လွှဲချလိုက်သည်။

လော့ရိက တိုးတိုးကပ်ပြော၏... "တစ်နေကုန် အရမ်းအကြာကြီး ဆော့နေရင် မျက်လုံးလေးတွေ မခံနိုင်ဘဲနေလိမ့်မယ်"

ဝမ်းရှောင်ဟွေး ဘာမှ ပြန်မပြောဘဲ screenကိုသာ တွေတွေကြီး ကြည့်နေသည်။ တကယ်တော့ ဂိမ်းက ဘာမှ စိတ်ဝင်စားဖို့ ကောင်းမနေပါ၊ ဒါပေမဲ့ သူ့ကို ဒီအိမ်ထဲအပြည့်ရှိနေသည့် လော့ရိအငွေ့အသက်တို့ဆီကနေ ခဏတာမျှ လွတ်မြောက်ခွင့်ပေးသည်။

"လော့ယွဲ့ ဖုန်းဆက်လို့"... လော့ရိက ပြောလာ၏။

ဝမ်းရှောင်ဟွေး ခေါင်းကို ဆတ်ခနဲ လှည့်ကြည့်လိုက်တော့ လော့ရိ့လက်ထဲတွင် ဖုန်းကိုင်ထားသည်ကို တွေ့ရသည်။ သူ ဖုန်းကို လှမ်းယူကာ အသက်ပြင်းပြင်း ရှူလိုက်သည်၊ ပြီးမှ ဖုန်းကို နားနားကပ်ကာ "ဟယ်လို?"

Additional Heritage [Myanmar Translation]Where stories live. Discover now