[Sweetheart] Extra - 10

7.4K 1.3K 308
                                    


[Unicode]

[Sweetheart] Extra - 10

Chapter 116

ဝမ်းရှောင်ဟွေးက ကြိုပြီး အခန်းဘိုကင်တင်ထားသည်၊ သို့ပေမဲ့ သူတို့ရောက်သွားတာစောနေတော့ အထဲမှာ တစ်ယောက်မှ မရောက်ကြသေး။

နှစ်ယောက်သား အခန်းထဲ ဝင်ထိုင်လိုက်ကြပြီး လော့ယွဲ့တစ်ယောက် မီနူးစာအုပ်ဆီမှာပဲ ခေါင်းစိုက်ထားရင်း သူ့ရဲ့ အနေရခက်နေမှုကို ရှောင်ကွယ်လို့ထားသည်။

လော့ယွဲ့ ဘီယာနှင့် အမြည်း setလိုက် တစ်set မှာလိုက်ပြီး ချင်ဇီကျောင်းကို မီနူးစာအုပ် ကမ်းပေးရင်း "တစ်ခုခု မှာဦးမလား?"

ချင်ဇီကျောင်းက ခေါင်းခါသည်။

စားပွဲထိုး ထွက်သွားပြီးနောက် အခန်းထဲမှာ သူတို့နှစ်ယောက်တည်းပဲ ကျန်ခဲ့ပြန်သည်။ လော့ယွဲ့ သူ့လက်များကို အချင်းချင်း ပွတ်တိုက်ရင်း နေရ အလွန်ကသိကအောက်ဖြစ်လာသည်။

ချင်ဇီကျောင်းက ကျောက်ရုပ်ထုအလား ငုတ်တုပ်ကြီးပဲ တစ်ချက်မလှုပ်ထိုင်နေသည်။ ဖုန်းလည်းထုတ်မသုံး၊ သီချင်းလည်း မရွေး... သို့ပေမဲ့ အခုလို ခပ်ငိုင်ငိုင် ထိုင်နေတာကိုပင် သူ့ပုံစံဟာ တည်ငြိမ်မှုရှိလွန်းလှ၏၊ အနေရခက်နေခြင်းမျိုး ရိပ်ရိပ်ပင် မရှိ။ ထို့သို့ဖြစ်သလောက် သူ၏ တည်ငြိမ်လှသော ကိုယ်ရောင်အရှိန်အဝါတစ်ခုသည် တစ်ဖက်သားအပေါ် မသက်မသာဖြစ်စေပေသည်။

လော့ယွဲ့ ချင်ဇီကျောင်းအား ခိုးပြီး ဝေ့ဝေ့ကြည့်မိသည်... သူ့ ဘေးတိုက်ပုံစံသည် အပြစ်ပြောစရာတစ်ချက်မရှိအောင်ကို ပြီးပြည့်စုံလွန်းစွာ။ ချင်ဇီကျောင်းသာ သူ့အားမနှစ်မြို့ကြောင်း ခါးခါးသီးသီး မတုံ့ပြန်ထားရင် အခုချိန်မှာ သူ ဘာလုပ်မိလိမ့်မလဲ... အနားတိုးပြီး အတတ်နိုင်ဆုံး စကားစ,ရှာ သွားပြောမိလောက်မှာ... ဒါပေမဲ့ ကံမတိုက်ဆိုင်စွာ ချင်ဇီကျောင်းဟာ သူ စုဆောင်းထားသမျှ သတ္တိတို့အားလုံးကို ပျောက်ဆုံးစေခဲ့၏...

စားပွဲထိုးက ဘီယာနှင့်အမြည်းတို့ လာချတော့ လော့ယွဲ့လည်း "စား..."ဆို လောကွတ်ချော်ကြည့်လိုက်သည်။

Additional Heritage [Myanmar Translation]حيث تعيش القصص. اكتشف الآن