[Unicode]
[Sweetheart] Extra - 20
Chapter 126
ချင်ဇီကျောင်းက သူ့ကို မှင်သေစွာကြည့်လာပြီး သူ့အလိုလို နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။
"မင်း အခုထိ အသိတရားမရှိသေးဘူးပဲကို"
"ငါ အသိတရားမရှိဘူးလို့ ဘယ်သူက ပြောလဲ"
လော့ယွဲ့ လက်သီးကျစ်ကျစ်ဆုပ်လို့ သူ့ကို တည့်တည့်ကြည့်ကာ
"မင်းပဲ ငါ့ကို နှစ်သိမ့်ကြေးပေးချင်သပါ့ဆို"
"လော့ယွဲ့... မင်း မင်း ဒီလိုတွေဖြစ်စရာမလိုဘူးလေ"
လော့ယွဲ့၏မျက်လုံးများမှာ နီမြန်းလျက်
"ငါနဲ့ တစ်ခေါက်အိပ်လိုက်ရင် နစ်နာသွားမှာစိုးလို့လား"
"မဟုတ်ဘူး"
"မဟုတ်ရင် ဘာလဲ"
လော့ယွဲ့ ဆက်တီဆိုဖာပေါ်က ခေါင်းအုံးကို လှမ်းဆွဲပြီး ချင်ဇီကျောင်းကို ပစ်ပေါက်လိုက်သည်။
ချင်ဇီကျောင်းက လက်တစ်ဖက်ဖြင့် ခေါင်းအုံးကိုဖမ်းလိုက်သည်။ ပြီးနောက် ခေါင်းအုံးနှင့် နာရီကို ဆိုဖာပေါ် တင်ပြီး
"ဒါ မင်းအတွက် ဝယ်ပေးခဲ့တာဆိုတော့ ယူချင်ယူ၊ မယူချင်ရင် လွှင့်ပစ်လိုက်"
သူ ခေါင်းငုံ့သွားပြီး
"ကိုယ် သွားပြီ"
သူ တိတ်တိတ်လေး အံတင်းတင်းကျိတ်လျက် တံခါးသို့ဆီ လှည့်ထွက်ခဲ့တော့သည်။
လော့ယွဲ့ ပြေးပြီး ချင်ဇီကျောင်းကို ဆတ်ခနဲ ဆွဲကာ အော်၏
"မင်းမသွားရဘူး။ မကောင်းတဲ့ကောင်။ မင်းမလုပ်ရဲတာလား ဒါမှမဟုတ် မင်းမထောင်နိုင်မှာစိုးနေတာလား။ မင်းသာ တကယ် ယောက်ျားချင်းရွံတယ်ဆို မင်းဘယ်လိုနမ်းရက်နိုင်တာလဲ။ မင်းအဲ့ညက ဘာလို့နေရစ်ခဲ့တာလဲ"
ချင်ဇီကျောင်းက သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲပြီး အလေးအနက် ပြော၏။
"လော့ယွဲ့... မင်း ဒီလိုမျိုး မဖြစ်သင့်ဘူးလေ"
"ငါ ဘာဖြစ်သင့်တယ်ဆိုတာ မင်း ပူစရာမလိုပါဘူး။ မင်းမှာ ငါ့အပေါ် တစ်ကြိမ်ပဲ အကြွေးပဲကျန်တာ"