[Sweetheart] Extra - 22

7.8K 1.4K 316
                                    


[Unicode]

[Sweetheart] Extra - 22

Chapter 127.2

လော့ယွဲ့ နောက်နေ့ နေ့လည်မှသာ နိုးလာသည်။ သူ အမူးလွန်အောင် သောက်ဖြစ်တာရှားသည်။ သူ အရက်ကောင်းကောင်းသောက်နိုင်တယ်ဆိုပေမဲ့လို့ သူ အရက်သောက်ရတာကို သိပ်တော့ မကြိုက်ပါ။ ကြည့်ရတာ လူတွေဝမ်းနည်းတဲ့အခါ အနည်းနှင့်အများတော့ အရက်ကိုအားကိုးကြသည်သာ။ တစ်စုံတစ်ရာသော နည်းလမ်းတစ်ခုလိုမျိုး...

သူ မူးမူးနောက်နောက်နှင့် နိုးလာခဲ့သည်။ ငုံ့ကြည့်လိုက်တော့ သူ ညအိပ်ဝတ်စုံ ဝတ်ထားလျက်ရှိ၏။ သူ ကြိုးစားပြီး ပြန်စဥ်းစားကြည့်သည်။ မနေ့က သူ လီရှော့နှင့် အတူရှိနေခဲ့တယ်။ နောက်တော့... နောက်တော့ ချင်ဇီကျောင်း ရောက်လာခဲ့သည်...

သူ နောက်ကျိနေတဲ့ခေါင်းကို ဖိလိုက်တော့ ရုတ်တရက် စိတ်ထဲ တိတိကျကျ မမှတ်မိတော့။

သူ့ဆီ ချင်ဇီကျောင်းက ဘယ်လိုလုပ်ပြီး ရောက်လာပြီး ချင်ဇီကျောင်းက ဘယ်လိုလုပ်သူ့ကိုလာရှာမှာလဲ။ ထပ်ပြီး ဘယ်လိုလုပ် သူ့ကိုရှာတွေ့မှာလဲ။ သူ မနေ့ညက သောက်တာအရမ်းများပြီး အိပ်မက်မက်နေတာပဲမဟုတ်လား...

သူ လီရှော့နဲ့ တောက်လျှောက်ရှိနေတာကိုပဲ သူ မှတ်မိသည်။ နောက်ဆုံးကျ သူ့ကို လီရှော့ အိမ်ပြန်ပို့ပေးခဲ့တာပဲ ဖြစ်လိမ့်မှာပါ။ လီရှော့က သူ့ကို ညအိပ်အင်္ကျီလဲပေးခဲ့တာလား...

လော့ယွဲ့ အနည်းငယ် အားနာသွားရသည်။ သူ မနေ့က ရှက်စရာကိစ္စ ဘာမှ မလုပ်ခဲ့ဖို့ သူ မျှော်လင့်မိပါရဲ့...

သူ အိပ်ရာကထ၊ ရေချိုးပြီး သူ့အတွက်သူ အမူးပြေအောင် တစ်ခုခုလုပ်ဖို့ အောက်ထပ်ကို ဆင်းသွားလိုက်သည်။ ဒါပေမဲ့လည်း သူတစ်ချက်ဝေ့ကြည့်လိုက်တော့ စားပွဲပေါ်မှာ စားစရာ အဆင်သင့် တွေ့လိုက်ရသည်။

သူ လျှောက်သွားပြီး ကြည့်ကြည့်လိုက်တော့ ဘယ်တုန်းကတည်းက ချက်ထားသည် မသိ၊ အစားအသောက်တွေက အေးနေသည်။ သူ မွှေးကြည့်တော့ အနံ့က မဆိုးလှ။ ဒါ့ကြောင့် သူ နွှေးပြီး စားရင်း လီရှော့ဆီ စာပို့လိုက်သည်: အစ်ကိုလီ၊ ကျွန်တော့်ကို ညက ပြန်လိုက်ပို့ပေးလို့ ကျေးဇူးပါနော်။ အစ်ကို့ကို ဒုက္ခတော့ မပေးခဲ့ဘူးမလား။

Additional Heritage [Myanmar Translation]Where stories live. Discover now