Chapter 32

18.1K 2.5K 235
                                    


[Zawgyi]


Chapter 32 - "Xiaohui, Luo Yi looks like the kind of genius perverted boy in Japanese TV dramas."

"ရှောင်ဟွေး၊ လော့ရိက ဂျပန်ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာပါတဲ့ ဉာဏ်ကြီးရှင်လူယုတ်မာမျိုးနဲ့ တူမနေဘူးလား"


ဒီညတော့လော့ရိဆီမသွားတော့ဘဲ သူ့အိမ်သူပဲပြန်လိုက်ဖို့ ဝမ်းရှောင်ဟွေးတွေးလိုက်သည်။

သူတံခါးဖွင့်ဝင်ဝင်လိုက်ခြင်း အဝတ်အစားလဲမိတ်ကပ်လိမ်းပြီး အပြင်သွားတော့မလို့လုပ်နေတဲ့ သူ့အမေကိုတွေ့လိုက်ရသည်။ နှစ်ယောက်သား အချင်းချင်းမြင်လိုက်တော့ အံ့အားသင့်သွားကြသည်။

"မား ရှစ်နာရီကျော်တောင်ရှိနေပြီကိုအပြင်သွားမလို့လား?"

ဝမ်းရှောင်ဟွေး သူ့အမေကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ သူ့အမေက ငယ်ငယ်တုန်းကဆို တော်တော်လေးကိုချောမောလှပခဲ့သည်။ မားက အခုမှလေးဆယ်စွန်းရုံလေး၊ ကိုယ်လုံးကိုယ်ပေါက်တွေမျက်နှာတွေကလည်း ဂရုတစိုက်ထိန်းထိန်းသိမ်းသိမ်းနှင့် နှစ်လိုဆွဲမက်ဖွယ်အတိပင်။

ဖန်းယွီ့ဟွား ရုတ်တရက် အနည်းငယ်မလုံမလဲဖြစ်သွားရသည်

"အို၊ ငါ သူငယ်ချင်းတစ်ယောက်နဲ့ ရိုးရာဟာသပြဇာတ်(Xiangsheng/crosstalk)သွားကြည့်မလို့"

ဝမ်းရှောင်ဟွေး မေးစေ့ကိုပွတ်ရင်း

"ဘာသူငယ်ချင်းလဲ၊ မား အရမ်းတွေလှလှပပဝတ်စားထားတာများ"

ဖန်းယွီ့ဟွား မျက်လုံးတွေကလေဆာတန်းတွေထွက်လာသည်

"မင်းကများ ဘာကိစ္စ ငါ့ကိုမေးလာမြန်းလားလုပ်နေတာလဲ? ငါ့ သူငယ်ချင်းနဲ့သွားမဲ့ကိစ္စ ဘာတွေလာပူနေတာလဲ?"

"ဘာလို့ ခေါင်းထဲမထည့်ရမှာလဲ?"

ဝမ်းရှောင်ဟွေး လူယုတ်မာပြုံးပြုံးလိုက်ကာ

"ပြော၊ ဒါ ချိန်းတွေ့တာမလား!"

ဖန်းယွီ့ဟွား မလုံမလဲရှိုးတို့ရှန်းတန်းတွေဖြစ်ပြီး ဒေါသထွက်လာတော့သည်

Additional Heritage [Myanmar Translation]Where stories live. Discover now