[ Zawgyi ]
Chapter 31 - Shao Qunbai glanced at him: "I just think that he is a bit like an old man."
ရှောက်ချွင် သူ့ကို တစ်ချက်ဝေ့ကြည့်လာပြီးပြောသည် :
"ငါက သူ့ကို အဘိုးကြီးနဲ့ နည်းနည်းဆင်တယ်လို့ထင်ရုံပါ"
တစ်ရက် အင်တာဗျူးစစ်ပြီးနောက် ဝမ်းရှောင်ဟွေးရော လော့ယွဲ့ရော ပင်ပန်းလွန်းလို့စားပွဲပေါ်လှဲနေရင်း မျက်လုံးကလူလိုက်သည်။
"ဘာလို့ အဆင်လေးတွေမပါတာလဲ!"
ဝမ်းရှောင်ဟွေး ဒိန်ချင်စုပ်သောက်ပြီး စားပွဲကိုထုရိုက်လိုက်သည်။
လော့ယွဲ့ သူ့ကိုသဘောရိုးဖြင့်ကြည့်ကာ
"ဘဲလာရှာတာလား? ဘာကိစ္စအဆင်လေးလိုချင်နေတာတုန်း?"
ဝမ်းရှောင်ဟွေးထအော်သည်
"မင်းက သူဌေးလေ၊ သူဌေးဆိုတဲ့လုပ်ပိုင်ခွင့်နဲ့ရွေးလို့ရတယ်မဟုတ်လား? ဒီမှာလာလျှောက်တဲ့လူအများစုက ဘာလို့မိန်းကလေးတွေကြည့်ဖြစ်နေတာလဲလို့? ငါမှန်းထားတာနဲ့ တစ်ခြားစီပဲ။"
" ဘာလို့ဆို ယောကျာ်းလေး pastry chef( မုန့်ဖုတ်သမား/ အချိုပွဲchef)တွေကနည်းတယ်လေ၊ ဟေ့..."
လော့ယွဲ့ အင်တာဗျူးကိစ္စ စကားပြန်ကောက်ကာ
"ငါအိမ်ပြန်ပြီးလို့ ညကျရင်တစ်ယောက်ရွေးလိုက်မယ်"
"ငါ့ကိုညစာဖိတ်ကျွေး" ဝမ်းရှောင်ဟွေး တတွတ်တွတ်ပူဆာလေသည်။
"အိုကေ၊ ဘာစားချင်လဲ?"
"ဈေးကြီးတာ"
"သဘောရှိ"
"လူကုံထံဒုတိယမျိုးဆက်တော့ဖြစ်ပါရဲ့ အသုံးမဝင်လိုက်တာ" ဝမ်းရှောင်ဟွေးနှာခေါင်းရှုံ့လိုက်ကာ
"ကျေးဇူးပြု၍ ငါလေးကို ဘဲရှာပေးပါ"
"အေးပါ...အဘရဲ့!"
လော့ယွဲ့က သူ့ကိုလက်သီးနှင့်ထိုးကာ ပူညံပူညံအပြုံးဖြင့်ကြိမ်းသည်
"နင်ကတော့လေ ဆေးမမှီတော့ဘူးပဲ"
"ဟုတ်တယ်လေ၊ အငမ်းမရကို ဆာလောင်နေတာ"