[Sweetheart] Extra - 9

6.9K 1.2K 163
                                    


[Unicode]

[Sweetheart] Extra - 9

Chapter 115

လော့ယွဲ့တစ်ယောက် တမနက်လုံး ဆိုင်မှာ ငုတ်တုတ် ငိုင်နေလိုက်တာ ဝမ်းရှောင်ဟွေး သူ့ရှေ့တည့်တည့် ရောက်ချလာတာတောင် သတိမထားမိ။ ဝမ်းရှောင်ဟွေးက သူ့နှင့် မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်၊ သူ့ပါးကို ဆွဲဖျစ်လာလို့ အာ့ခနဲ နာသွားတော့မှ စိတ်နှင့်လူနှင့် ပြန်ကပ်တော့သည်။

"ဘာဖြစ်နေတာလဲ... ပင်ပန်းလို့လား"

"အာ...ပေါင်ပေ့" လော့ယွဲ့ အဲ့တော့မှ အသိစိတ်ပြန်ကပ်ပြီး... "မင်း ဘယ်တုန်းက ရောက်တာလဲ?"

"မိနစ်ပိုင်းပဲရှိသေးတယ်" ဝမ်းရှောင်ဟွေးက သူ့ကို မျက်လုံးစွေကြည့်လို့... "ဟိုအကောင်နဲ့ ပတ်သက်တဲ့ကိစ္စပဲလား"

လော့ယွဲ့ သက်ပျင်းချပြီး စိတ်ပင်ပန်းစွာ မျက်လွှာမှိတ်ချ၊ ခေါင်းညိတ်ပြလိုက်သည်။

"ဘာကိစ္စရှိလို့လဲ... မွေးနေ့ပါတီဆိုတာမှာ တစ်ခုခုများ ဖြစ်လာသေးလား?"

"ဘာရယ်လို့ ထူးမရှိခဲ့ပါဘူး၊ ဒီတိုင်း... လက်ကို ဆေးထည့်ပြီး ပလက်စတာ ကပ်ပေးတာလေးပါပဲ" လော့ယွဲ့ သူ့လက်လေးကို ရှောင်ဟွေးရှေ့ ယမ်းပြပြီး ပါးအို့နီနီ ရှက်သွေးဖြန်းလို့... "ပြီးတော့ နောက်... သူ့ ညီမလေးကို တစ်ပတ်တစ်ခါ မုန့်ဖုတ်သင်ပေးဖို့ ကမ်းလှမ်းလာတယ်"

"ဘယ်လောက်ပေးမယ်တဲ့လဲ?"

"ငါ့ဘက်က ပြောပါတဲ့"

"အဲ့တာဆို ဘယ်လောက်ကွာဆို ချပလိုက်၊ အရှုံးမရှိပါဘူး"

"ဒါပေမဲ့ ငါ ဟိုကိစ္စကို..."

"သူ့ကို မမေ့နိုင်မှာဆိုးတယ်၊ ဟုတ်တယ်မလား?" ဝမ်းရှောင်ဟွေးက သူ့ကို မေးဆတ်ပြလို့ မေးလာသည်... "ငါ မင်းကို ဒီလောက်နဲ့ပဲ ရပ်လိုက်စေချင်တာ၊ ဒါပေမဲ့ တစ်ဖက်က ပြန်တွေးကြည့်ကြည့်တော့ ဟော့ဒီက အချစ်ရူးလေးက ဆေးမနိုင်အောင် လွှတ်ရူးနေပြီလေ! မင်း ဘယ်လိုမှ စိတ်မဖြတ်နိုင်နေဘူးမလား... ဆိုတော့ မင်းအကောင်နဲ့ ကနှင့်ပြီးလက်စ နှစ်ပါးသွားဇာတ်ထုတ်တော်ကြီးကို ဆက်သာက,တော့... ငယ်တုန်း စိတ်ရှိတဲ့အတိုင်း မိုက်ရူးရဲမဆန်ဖြစ်ခဲ့မိရင် နောင်ကျမှ ဒါမှန်းသိရင်ဆို တနုတ်နုတ်နဲ့ဖြစ်နေရမယ်။ ဒါပေမဲ့လို့... သူ မင်းကို ထပ် စော်ကားလာရင် ငါ့ကို ပြောပြရမယ်!"

Additional Heritage [Myanmar Translation]Where stories live. Discover now