[Sweetheart] Extra - 1

23.1K 1.7K 219
                                    


[Unicode]

[Sweetheart] Extra - 1

Chapter 108


အသစ်စက်စက် မုန့်ဖိုဆောင်လေးတွင်းဝယ် လက်ဖက်စိမ်းနံ့လေးက သင်းပျံ့ပျံ့... မှန်ကြည့်လို့ပင်ရနိုင်အောင် ပြောင်လက်နေသော စတီးဗီရိုများပေါ်တွင် ရေခဲသေတ္တာကပ်သော သံလိုက်များ၊ ကာတွန်းပုံနှင့် အခြားသောအသုံးအဆောင်အမျိုးမျိုးပုံစံ စတစ်ကာတွေအပြည့်နှင့်။ ကြွေပြားကြမ်းခင်းက အပေအစွန်းတစ်ကွက်မရှိ၊ နံရံရှိ ရေစစ်သည့်တန်း၊ငုတ်တို့ပါသော စင်အရှည်ကြီးပေါ်တွင် စီရီထားသော သပက်ပဝါများက ဝယ်ထားခါစအသစ်စက်စက်များလားထင်ရအောင်ကို ဖွေးသန့်လို့။ တစ်ယောက်ယောက်သာဝင်လာရင် ဒီနေရာက တစ်နေ့ကို ကိတ်မုန့်ထောင်နှင့်ချီရောင်းနေရသည့် ကိတ်မုန့်ဆိုင်ရဲ့ မုန့်ဖိုဆောင်ဆိုတာ ယုံလိမ့်မှာမဟုတ်... နာမည်ကြီးကုမ္ပဏီကြီးတွေ၏ အရောင်းပြခန်းနှယ်။

လော့ယွဲ့တစ်ယောက် headsetနားကြပ်တပ်လို့ သီချင်းလေးညီးလျက် ကိတ်မုန့်ကို အလှဆင်နေသည်၊ အလုပ်သင်ပေါက်စ အားရန်က ဘေးကနေ တောက်လျှောက်လိုက်ကြည့်သည်။

အပေါ်တစ်လွှာကို ခရင် အချောသတ်လိုက်ပြီးနောက် လော့ယွဲ့က တစ်ယောက်တည်းရေရွတ်သည် "မှာတဲ့ ကောင်လေးက သကြားရုပ်မကြိုက်ဘူး၊ ဆိုတော့ ခရင်နဲ့ပဲ Doraemonပုံလေး ဆွဲပေးလိုက်မယ်... ဒါမှမဟုတ် သကြားရုပ်ကမှ ပိုကြည့်လို့လှနေမလား"

အားရန်က ခေါင်းကိုအနည်းငယ်စောင်း တည်ထားလျက် ပြောသည် "ခရင်နဲ့လည်းကောင်းပါတယ်၊ ဒါပေမဲ့ သကြားရုပ်လောက်တော့ပေါ်မှာမဟုတ်ဘူး"

လော့ယွဲ့က headsetကိုချွတ်ကာ သူမကို တစ်ချက်ဝေ့ကြည့်လာပြီး "ဘာပြောလိုက်တာ?"

"လော်ပန်မမလေးရဲ့လက်တွေက တကယ်ကို တော်လွန်းတယ်လို့ ပြောတာပါ" အားရန်က ပြုံးပြပြီး လက်မထောင်ပြသည်။

လော့ယွဲ့က စိတ်ဆိုးတကြီးပြောသည် "ငါ့ကို လော်ပန်မမလေးလို့ခေါ်ရင် လစာမပေးဘူးနော်"

အဲ့အချိန် အရောင်းစာရေးဟိုင်မန့်က မုန့်ဖိုဆောင်တံခါးကို တွန်းဖွင့်ကာ အပြေးဝင်လာပြီး ထိတ်ထိတ်ပျာပျာနှင့် "ဘော့စ်၊ ဝယ်သူအချို့က ကျွန်မတို့ကိတ်မုန့်တွေက မလတ်ဆတ်ဘူးဆိုပြီး လာပြောနေတယ်၊ ဒါ ပြဿနာရှာနေတာ အသိသာကြီး"

Additional Heritage [Myanmar Translation]Onde as histórias ganham vida. Descobre agora