Chapter 11.1

18.8K 3.1K 164
                                    


[ Unicode ]

Edited ver.

Chapter 11- Wen Xiaohui's heart trembled. At that moment, he felt that Luo Yi's smile made him a little scared.

ဝမ်းရှောင်ဟွေး လုပ်ဖော်ကိုင်ဖက်တစ်ယောက်နှင့် ဂျူတီလဲပြီး ခွင့်ယူလိုက်သည်။ တစ်နေ့လုံး သူ ဘယ်မှမသွား။ အိမ်မှာပဲ လော့ရိနှင့် ဂိမ်းကစားသည်၊ ရုပ်ရှင်ကြည့်သည်၊ တတွတ်တွက် ကောက်စားသည်။ သူ့ပေါင်းနေကျသူငယ်ချင်းတွေက ကောလိပ်တက်သည့်လူကတက်၊ အချို့ကလည်း ဟိုတကွဲဒီတကွဲတွေ ဖြစ်ကုန်တော့ အားလုံးစုပြီး သောင်းကျန်းပျော်ပါးဖို့ရာ မလွယ်တော့။ လော့ရိနှင့် ဒီလို စိတ်လွတ်လက်လွတ်နေပစ်ပြီး အချိန်ဖြုန်းတာက သူ့အား ကျောင်းသားဘဝဆီ ပြန်ရောက်သွားသလို ခံစားရစေသည်။ အဲ့ဒီအပူအပင်သိပ်မရှိ၊ လက်တွေ့ကိုရင်ဆိုင်စရာမတဲ့ ရိုးစင်းသော ခေတ်ကာလတွေဆီ။

ဝမ်းရှောင်ဟွေး ကြမ်းပေါ်လှဲချပြီး မျက်လုံးကို ခဏအနားပေးထားတုန်း လော့ရိက သူ့ပါးစပ်ထဲ စပျစ်သီးခွံ့လာသည်

"ရှောင်ဟွေးကော၊ ကော မနက်ဖြန်အလုပ်က မနက်ဆိုင်းလား ညဆိုင်းလား"

"မနက်ဆိုင်း"

"အဲ့ဒါဆို မနက်ဖြန်အိမ်ပြန်ပြီး ဟိုမှာပဲအိပ်မှာပေါ့"

"အင်း"

လော့ရိက ညှိုးငယ်စွာ "မနက်ဖြန် ကျောင်းပိတ်ရက်ကို ကျွန်တော်က ကောနဲ့ အပြင်လျှောက်သွားချင်တာ"

"နေ့လယ် မင်း ငါ့ဆီလာခဲ့လို့ရတယ်လေ။ ဒါပေမဲ့ ညနေကျရင်တော့ အိမ်ပြန်ရမယ်"

"ဟုတ်ပြီ။ ကျွန်တော် ကော ဆိုင်ကို မရောက်ဖူးသေးဘူး။ ဟိုအခေါက်က လှေကားအဆင်းနားလေးထိပဲ ရောက်တာ"

ဝမ်းရှောင်ဟွေးက သူ့အား လှည့်ကြည့်ပြီး

"မှတ်ထားနော်။ ဆိုင်ရောက်ရင် ငါ့ကို ရှောင်ဟွေးကောလို့ မခေါ်နဲ့"

"ဘာလို့လဲ"

"အဲ့နာမည်ကြီးက တောဆန်လို့ သေပြီ" ဆို နှုတ်ခမ်းစူရင်း "Adrian ဖြစ်ဖြစ် Adi ဖြစ်ဖြစ်ခေါ်။ မမေ့နဲ့နော်"

လော့ရိက ပြုံးသည်

"စိတ်မပူပါနဲ့။ ကျွန်တော်က မှတ်ဉာဏ်ကောင်းပါတယ်"

Additional Heritage [Myanmar Translation]Where stories live. Discover now