Chapter 94

12.1K 2.1K 411
                                    


[Unicode]

Chapter 94

ပြေးထွက်လာလို့ အပြင်ရောက်တော့ ဘေးမှာကပ်ရပ်ထားသည့် မော်တော်ဘုတ်ကို တွေ့လိုက်ရသည်။

ဝမ်းရှောင်ဟွေး၏ပါးပြင်ထက်ဆီ မျက်ရည်များ ဖြိုင်ကျလာပြီး အမြင်အာရုံတွေ ဝေဝါးလာတော့၏။ သူ မျက်ရည်တွေကို သုတ်ပစ်၊ မော်တော်ဘုတ်ပေါ် ခုန်တက်ကာ စက်နှိုးလိုက်တော့သည်။ မော်တော်ဘုတ်သံက နားစည်သို့ဆီ ထိုးဖောက်ဝင်ရောက်လာချိန်၊ တဆက်တည်းမှာပင် နှလုံးသားမှာလည်း တစ်စုံတစ်ခု ထိုးဖောက်သွားသလို ခံစားလိုက်ရသည်။ သူ သင်္ဘောအတွင်းခန်းဘက် လှည့်ကြည့်ပြီး နောက်ဆုံးအချိန်အထိ တုံ့ဆိုင်းနေမိသည်။ သူ ပြန်ပြေးသွားပြီး လော့ရိကို ဆွဲထုတ်လာချင်မိသည်။ သူသာ ဝေးဝေးကိုခေါ်ထုတ်သွားပေးနိုင်လိုက်ရင် အားလုံးသော နာကျည်းမှုများ၊ ခြိမ်းခြောက်ခံရခြင်း၊ နာကျင်ရခြင်းများနှင့် ဒီလိုပင်ပန်းခြင်းကြီးစွာသောဘဝဆီမှနေ ကင်းဝေးနိုင်ကောင်းရဲ့...

နှစ်ယောက်လုံးအသက်ရှင်နေရင်ရပြီ၊ သူ ဘာနာကျင်ခဲ့ရတဲ့အတိတ်တွေဘာတွေကိုမှ ဂရုမစိုက်နိုင်တော့။

ဒါပေမဲ့လည်း လက်တွေ့က သူ့ကို တုံ့ဆိုင်းနေဖို့ ခွင့်မပြု။ ဒီမော်တော်ဘုတ်ပေါ်ထိရောက်နေပြီကိုပင် ဗုံးဆီမှ စက္ကန့်ရေတွက်သံတို့ကို နားထဲ ကြားနေသလိုလိုရှိဆဲ... အဲ့အချိန် ခပ်လှမ်းလှမ်းမှလှေတစ်စီး သူတို့လှေဘက် ချည်းကပ်လာသလိုရှိတာ သူ သတိထားမိလိုက်သည်...

လမိုက်ည၏ အရှိန်အဝါ မကွယ်ပျောက်သေးသည်ကြောင့် သူ သဲသဲကွဲကွဲတော့မမြင်ရ။ ဒါပေမဲ့ ဗုံးက ထိန်းချုပ်လို့ရတယ်ဆိုတဲ့ လော့ရိစကားက အမှန်ဖြစ်ကြောင်းတော့ သူ သိလိုက်ရသည်။ ထိန်းချုပ်လို့သာမရရင် သူတို့တွေ ဒီလှေဘက် ပြန်လာမှာမဟုတ်။

ဒီလိုတွေးမိမှပဲ ဝမ်းရှောင်ဟွေးရင်ထဲ အနည်းငယ် စိတ်အေးနိုင်တော့သည်။ သူ မော်တော်ဘုတ်ကိုစထွက်လို့ ကမ်းခြေဘက်သို့ ဦးတည်မောင်းသွားလိုက်သည်။

မော်တော်ဘုတ်ကို သူ ငယ်ငယ်က Sanyaသွားတုန်းကတစ်ခါပဲ မောင်းဖူးတာ။ မောင်းရပုံက ရှင်းရှင်းလေးပေမဲ့ စိတ်မှာ သောကဝေနေသည်ကြောင့် မောင်းမိတဲ့အရှိန်က အရမ်းမြန်နေခဲ့သည်။ လူကို မော်တော်ဘုတ်ပေါ်ကနေ လွင့်ထွက်သွားမတတ်။

Additional Heritage [Myanmar Translation]Where stories live. Discover now