[Sweetheart] Extra - 24

8.2K 1.3K 210
                                    


[Unicode]

[Sweetheart] Extra - 24

Chapter 129

လော့ယွဲ့ လမ်းတစ်လျှောက်လုံး ငိုပြီး လျှောက်လာခဲ့သည်။ သူ့ရင်ထဲ ခံစားရခက်ရလွန်းလို့ အသက်ရှူဖို့ပင် ခက်ခဲရသည်။ သူ ဖုန်းကိုလိုက်စမ်းပြီး ဝမ်းရှောင်ဟွေးဆီ ဆက်ဖို့လုပ်သည်။ အဲ့တော့မှ သူ ဆေးရုံမှာ အိတ်ကျန်ခဲ့မှန်း သတိရလိုက်သည်။ သူ ဒေါသထွက်ပြီး စိတ်တွေမငြိမ်ဖြစ်ရလွန်းလို့ လမ်းဘေးမှာတင် ဆောင့်ကြောင့်ထိုင်ချပြီး ချုံးပွဲချ ထိုင်ငိုမိတော့သည်။

ခွေးကျောင်းလျှောက်လာတဲ့ အဒေါ်ကြီးတစ်ယောက်က သူ့ကို တအောင့်လောက် ကွက်ကြည့်ကွက်ကြည့် ကြည့်ပြီး...

"မိန်းကလေး...ဘာဖြစ်လို့လဲ..."

"ဝူး... ဝူ... ဟင့်... ကျတော်က... တောင်ရေးပါ..."

[Editor Note : သူက ဒီမှာလေ ကောင်လေးလို့ပြောတာကို အသံမပီဘူး။ Nan de - ယောက်ျားလေးလို့ပြောတာကို အသံက Lan de - အပြာရောင်ပါ ဆိုပြီးရေးထားတယ်ရော်။]

"ဘာရယ်"

"ကျွန်တော်က...ယောက်ျားလေးပါလို့..."

လော့ယွဲ့ သနားစဖွယ်မျက်နှာလေးကို မော့၍ ငိုရင်းပြောလိုက်သည်။

အဲ့ဒီ Samoyed ခွေးလေးက သူ့ပေါ် ခုန်အုပ်ပြီး လျှာဖြင့်လျက်သည်။ လော့ယွဲ့ သူ့ပါးစပ်တစ်ခုလုံး အမွှေးတွေဝါးလိုက်ရသလို ခံစားလိုက်ရ၏။

အန်တီကြီးက ခွေးလေးကို နောက်က ဆွဲလိုက်သည်။ သူ့ကို မျက်မှောင်ကြုတ်ကြီးနှင့် တော်တော်ကြာအောင် ကြည့်နေပြီးမှ

"အိုက်ယိုး...မင်းကိုယ်မင်းယောက်ျားလေးဆိုပြီး ဆံညှပ်ညှပ်ထားပြီး ဘာလုပ်တာလဲ"

"ဆံပင်ထောင်လို့ပေါ့လို့"

လော့ယွဲ့ ပိုလို့ပင် ကျယ်ကျယ် အော်ငိုတော့၏... "ယောက်ျားလေးက ကလစ်တပ်လို့ရဘူးလား"

"မငိုနဲ့တော့။ အဆင်ပြေရဲ့လား... ဘာဖြစ်လို့လဲ။ မကောင်းတဲ့လူတွေနဲ့ တွေ့ခဲ့လို့လား။ အန်တီ ရဲခေါ်လိုက်ရမလား"

လော့ယွဲ့ ခေါင်းခါသည်။ ပြီးမှ ခေါင်းပြန်ညိတ်ပြန်သည်။ သူ ဒူးနှစ်ဖက်ကြား ခေါင်းငိုက်ချပြီး ဆက်ငို၏။

Additional Heritage [Myanmar Translation]Where stories live. Discover now