[Unicode]
Chapter 79
ဆံပင်ညှပ်ပြီးတော့ လော့ရိ့ပုံက ပိုငယ်သယောင်ရှိသွားသည်။ တကယ်ဆိုလည်း လူက အသက်နှစ်ဆယ်ပဲ ရှိသေးတာ၊ Suitတွေ shoesတွေ အကျအနသာ ဝတ်မထားရင် သူ့အရွယ်ကျောင်းသားများတွင် တွေ့နိုင်သည့် အားမာန်သွေးကြွသော ငယ်ဂုဏ်လွင်လွင်ကို ဖိနှိမ်ထိန်းဝှက်ထားနိုင်ခြင်း ရှိမည်မဟုတ်။
မှန်ထဲက သူ့ပုံကိုကြည့်ရင်း ဝမ်းရှောင်ဟွေး သူ့ကိုယ်သူ ပြန်ကြည့်မိသည်။ သူတို့စတွေ့ချိန်တုန်းက သူက လော့ရိ့ လက်ရှိအသက်ထက် တစ်နှစ်ငယ်သည်...
မျက်စိတစ်မှိတ်အတွင်းမှာတင် ငါးနှစ်ဆိုတဲ့အချိန်အပိုင်းအခြားတစ်ခု ကုန်လွန်ခဲ့ပြီ...
အချိန်တွေက ကုန်မြန်လှ၏... သမင်လည်ပြန်ကြည့်မိဖို့ရာ စိတ်မှာမအားရပါ။
လော့ရိက ရုတ်တရက် သူ့လက်ကို လှမ်းကိုင်လာပြီး ခပ်ရေးရေး ပြုံးပြကာ "ငါးနှစ်ရှိသွားပြီပဲ... မြန်လိုက်တာ"
ဝမ်းရှောင်ဟွေး တီးတိုးလိုက်ညီး၏... "မြန်လိုက်တာ..."
"ကောညှပ်ပေးတဲ့ဆံပင်က ကျွန်တော်နဲ့ အလိုက်ဆုံးပဲ"
ဝမ်းရှောင်ဟွေး မျက်လွှာချလိုက်ပြီး သူ့လက်ကို ပြန်ရုတ်ဖို့ လုပ်သည်။
လော့ရိက သူ့လက်ကို ဆွဲပြီး အနမ်းခြွေကာ "ပြန်ကြမယ်"
ဝမ်းရှောင်ဟွေး သူ့ပစ္စည်းတွေကို ထုတ်ပိုး၊ စတူဒီယိုက လူတွေကို နှုတ်ဆက်ကာ နောက်ပြန်လှည့်မကြည့်ပဲ ထွက်လာခဲ့တော့သည်။
သူ ငါးနှစ်ကျော်အလုပ်ဝင်ခဲ့သော နက်နက်ရှိုင်းရှိုင်း သံယောဇဥ်တွယ်ရသည့် ကျွီးရှင်းစတူဒီယိုက အတွေးမှာ ပေါ်လာသည်... သူ့မှာ ပြန်သွားပြီးနှုတ်ဆက်ဖို့တောင် အခွင့်မရှိခဲ့...
အခုတော့ သူ ဒါတွေ ခေါင်းထဲ မရှိမိတော့ပါဘူး...
လော့ရိက suitcaseအလေးကြီးကို အသာလေးပဲ မ၊ ကျန်လက်တစ်ဖက်က ဝမ်းရှောင်ဟွေး ပုခုံးကို ဖက်လာပြီး
"ကော ဒီအလုပ်ကို နှစ်သက်တာ ကျွန်တော် သိပါတယ်။ ပေကျင်းပြန်ရောက်ရင် ကော ကျွီးရှင်းကို ပြန်သွားလို့ဖြစ်တယ်၊ မဟုတ်လည်း ကိုယ်ပိုင်စတူဒီယို ထောင်ပေါ့။ ဘာကမှ ပြောင်းလဲသွားရမှာ မဟုတ်ပါဘူး"