Chapter 53

15.6K 2.3K 916
                                    

[Unicode]

Chapter 53

ဝမ်းရှောင်ဟွေး ချိုင်ဟိုင့်အိမ်ကနေ မှင်တက်တုန်လှုပ်စွာ ပြန်ထွက်လာခဲ့သည်။ လမ်းတစ်လျှောက် အသိစိတ်ကင်းစွာ တစ်လှမ်းချင်း ဦးတည်ရာမဲ့ လျှောက်လှမ်းလို့နေသည်။

လပြက္ခဒိန် ပထမဆုံးလရဲ့ ပထမဆုံးနေ့မှာ မြို့တော် ပေကျင်းသည်ကား သက်ဝင်မှုကင်းမဲ့စွာ မှိုင်းဝေဆိတ်ငြိမ်လို့နေ၏။ လမ်းတစ်လျှောက်မှာလည်း လူသူမရှိ..အမြဲ ကားတန်းကြီးအပြည့်နှင့် ပိတ်ကျပ်နေတဲ့ လမ်းမထက်တွင်လည်း ကားတစ်စီးတစ်လေပင် ဖြတ်သန်းခြင်းမရှိ။

မီးခိုးမှိုင်းရောင် မိုးကောင်းကင်က အချိန်မရွေး ခေါင်းပေါ် ပြိုပျက်ကျလာတော့မယောင်နှင့် လူကို မွန်းကျပ်ဖွယ် စိတ်ပင်ပန်းမှုတို့ ပေးစွမ်းလေ၏။ ဝမ်းရှောင်ဟွေးမှာ ပုံရိပ်ယောင်ကမ္ဘာထဲ ကမ္ဘာပျက်လျက်...အရိပ်အယောင်သက်သက် စိတ်၏ တံလျှပ်တို့ ထင်ဟပ်လျက်။

ဒီနှစ်ရက်မှာ တွေ့ကြုံခံစားရသည်တို့က သူ့အတွက်တော့ တကယ့်ကို ကမ္ဘာပျက်သည့်နေ့ရက်တို့ပင်။

သူ ယုံကြည်မိတဲ့လူ၊ သူ ကိုးစားပုံအပ်မိတဲ့လူ၊ သူ ချစ်ရပါတဲ့လူက သူ့ကို လိမ်ညာလှည့်စားခဲ့တဲ့ "မကောင်းဆိုးဝါး"ဖြစ်နေသည်တဲ့...

ကုန်လွန်ခဲ့သည့် ဒီသုံးနှစ်မှာ လော့ရိနှင့်အတူရှိခဲ့သည့် သူ့ဘဝက တစ်လျှောက်လုံး တိမ်တွေပေါ် မျောလွင့်နေခဲ့ရသည်။ အဲ့တာကို...အဲ့တာကို...အတူရှိခဲ့သည့် ဒီသုံးနှစ်တာမှာ လော့ရိ့ ပြုမူခဲ့သည်တို့အားလုံးက ဟန်ဆောင်မှုသက်သက် အတုအယောင်တွေချည်းသာဆို သူတို့ ဘယ်လိုများ ရှေ့ဆက်လျှောက်နိုင်ဦးမှာလဲ...

သူ့ဘဝ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဒီသုံးနှစ်အတွင်း သူပိုင်ဆိုင်ခဲ့ရတဲ့ သာယာပျော်ရွှင်မှုတို့က အတုအယောင်တွေတဲ့... အခြားရော စစ်မှန်တာ ဘာများရှိသေးလဲ၊ ဒီသုံးနှစ်အတွက် သူ့အတွက် အစစ်အမှန်လို့ ပြောနိုင်စရာ ဘယ်တွေကျန်ရဲ့လဲ?!

အဖြစ်မှန်ကို သိရှိလိုက်ရသည်က သူ့အတွက် အတော်လေး တုန်လှုပ်သွားရသည်ကြောင့် ဖြစ်လောက်မည်၊ သူ့မှာ မျက်ရည်တောင် မကျမိ။ သူ့တစ်ကိုယ်လုံးက ဟောင်းလောင်းပေါက် အခွံချည်းသက်သက်ဖြစ်သွားတယ်လို့သာ ခံစားမိသည်။

Additional Heritage [Myanmar Translation]Where stories live. Discover now