[ Unicode ]
Chapter 16 - Luo Yi has been observing Shao Qun casually since he entered the door
တံခါးဖွင့်ဝင်လိုက်ထည်းက လော့ရိက ရှောက်ချွင်ကိုတောက်လျှောက်အကဲခတ်နေတယ်
နေ့ခင်းဖက်လောက်မှာ လော့ရိ သူ့ဆီဖုန်းဆက်လာသည်။ ဝမ်းရှောင်ဟွေး သူကို ဘာအလုပ်ရှုပ်နေတာလဲမေးလိုက်တော့ ထွေထွေထူးထူးမပြောတော့ သူလည်း ဒီတိုင်းထားလိုက်ပြီး နှစ်ယောက်သားလော့ရိကိစ္စပြောဖြစ်သည်။
လော့ရိ : "ဟုတ်ပြီ။ ရှောက်ချွင် ကောကို နောက်တစ်ခါတွေ့ဖို့ချိန်းတဲ့ထိစောင့်လိုက်။ သူနဲ့တွေ့ဖို့သွားရင် တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့နေရာကိုရွေး၊ ပြီးရင် ကျွန်တော့်ကိုခေါ်သွားဖို့မမေ့နဲ့။"
"အာ၊ မင်းကို ခေါ်သွားဖို့အတွက်ဆို သူ့ကိုဘယ်လိုပြောရပါ့မလဲ"
"တူလေးပါလို့ပြောလိုက်။ ကောက သူနဲ့စကားပြောနေ၊ ကျွန်တော်က သူ့ဘေးမှာ ဖုန်းကြည့်နေရင်းထိုင်နေမယ်။ သူ ကျွန်တော့်ကို ဂရုစိုက်မှာမဟုတ်ပါဘူး။"
"ဒါနဲ့ ငါ သူနဲ့တွေ့ရင် ဘာပြောရမှာလဲ"
"ဘာမဆိုပြောလို့ရတယ်။ ဒါပေမဲ့ မှတ်ထားရမှာနှစ်ခုရှိတယ်။ ပထမတစ်ချက်က သူ့ကို အပေါ်စီးကနေမပြောမိစေနဲ့။ ဒုတိယယတစ်ခုက ကောရဲ့သူဌေးတွေနဲ့ပတ်သက်ပြီး သူတို့မကောင်းကြောင်း ဘာတစ်ခုမှ လုံးလုံးမပြောမိစေနဲ့။"
" တွေ့မနေတော့ဘဲ ဒီတိုင်းဖုန်းနဲ့ပြောလိုက်လို့မရဘူးလား? ဘာလို့ သူနဲ့တွေ့ဖို့လိုတာလဲ?"
"ရှောက်ချွင်က ကျွီးရှင်းရဲ့ အဓိကရှယ်ယာရှင်ဖြစ်လာရင် မဖြစ်လာရင်တော့ တစ်မျိုးပေါ့။ အကယ်၍ အဲ့လိုသာဖြစ်လာရင် နောက်ပိုင်းကျရင် သူ့မျက်လုံးထဲမှာ ကောကို အမြင်ကြည်နေမှာတဲ့လား?"
ဝမ်းရှောင်ဟွေး အံ့အားသင့်သွားရတော့သည်. . .
" စည်းလွတ်ဝါးလွတ်ဖြစ်အောင် ငြင်းလို့ရပါတယ်။ အဓိကက ပညာသားပါပါငြင်းတတ်ဖို့ပဲ"
ဝမ်းရှောင်ဟွေး သက်ပြင်းချကာ
"ရှုပ်နေတာပဲ။ အရမ်း စိတ်ကုန်ဖို့ကောင်းတယ်။ ငါ မသွားချင်ဘူး"