[Sweetheart] Extra - 7

8.9K 1.4K 100
                                    


[Unicode]

[Sweetheart] Extra - 7

Chapter 113

"ဟမ်?" ဝမ်းရှောင်ဟွေးက သူ့ကို စိန်းစိန်းဝါးဝါး ကြည့်၍... "ရှိလည်း စရံပြန်လျော်လိုက်... ဘယ်လောက်ပေးထားလို့လဲ?"

"ပိုက်ဆံကိစ္စက မပြောထားရသေးဘူး... ဒါပေမဲ့ သူတို့အိမ်က တော်တော်ချမ်းသာတာ... များတာတော့ အများကြီးရမှာ"

"မဟုတ်သေးပါဘူး... မင်း ပိုက်ဆံလိုနေလို့လား?"

"အဲ့လိုမရှိပါဘူး... ဒါပေမဲ့ ငါ သူ့ညီမလေးကို ကတိပေးထားလို့"

"စာချုပ်ချုပ်ပြီး လက်ခံထားရတာလား?"

"ဟင့်အင်း..."

"ခေါက်ထားလိုက်တော့... အဲ့ကောင် တနုံ့နုံ့နဲ့ မှားသွားပြီဆို ဒူးနဲ့မျက်ရည်သုတ်နေပစေ"

လော့ယွဲ့ ခေါင်းလေးငုံံ့သွားပြီး... "သူ့ ညီမလေးက အရမ်း သနားဖို့ကောင်းတာ။ ဆယ်နှစ်နှစ်ပဲရှိသေးတဲ့ ကလေးလေး... လမ်းလည်း မလျှောက်နိုင်ဘူး။ ငါလုပ်တဲ့ မုန့်တွေကိုလည်း အရမ်း သဘောကျတာ... ငါ သူ့ကို လာခဲ့မယ်လို့ ကတိပေးထားတာ၊ မသွားလို့မရဘူး"

ဝမ်းရှောင်ဟွေးက သက်မောချလို့... "မင်းကိုတော့ တကယ် မနိုင်ဘူး... လုပ်ချင်ရာသာလုပ်တော့!"

လော့ယွဲ့က ပြုံးပြီး ချော့သည်... "ပေါင်ပေ့... စိတ်မပူပါနဲ့...နော်။ ငါ ဆိုင်က ကလေးတွေကိုလည်း ခေါ်သွားမှာပါ။ နောက်ပြီး မုန့်တွေလုပ်စရာရှိတာ လုပ်ပေးရုံပဲ... အခြားဘာမှ အခြားကိစ္စမရှိဘူး။ ပိုက်ဆံရပြီးတာနဲ့ ပြန်လာခဲ့မယ်။ ငါ..ငါ သူ့ကို လုံးဝ ထပ် စိတ်အနှောင့်အယှက်မဖြစ်စေရတော့ဘူး၊ ငါ့ဆရာဖြစ်တဲ့ မင်း အရှက်ရစရာလည်း ထပ်မရှိစေရဘူး ... စိတ်ချ"

"သေချာတယ်နော်?"

"အွန်း... သေချာပေါက်"

ဝမ်းရှောင်ဟွေးက သူ့ခေါင်းလေးကို ဖွဖွလေး ထိကိုင်လို့... "မင်းကို ဘယ်သူကမှ အနိုင်ကျင့်လို့မရဘူး... ဘယ်သူ့ကိုမှ ခေါင်းငုံ့ခံနေစရာမလိုဘူး... ငြိမ်ခံမလာနဲ့"

လော့ယွဲ့ ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

...

Additional Heritage [Myanmar Translation]Where stories live. Discover now