Chapter 74

14.3K 2.3K 426
                                    


[Unicode]

Chapter 74


ရက်အနည်းငယ်အကြာ... လီရှော့က သူ့ကို သတင်းlinkတစ်ခု ပို့လာပေးသည်။ ဝမ်းရှောင်ဟွေး ဖွင့်ကြည့်လိုက်တော့ ချန်းရှင်းက တရားခွင်၌ ချေပချက် လျှောက်လဲရာတွင် အရေးကြီးသော သက်သေတို့ ရုတ်တရက် ဖွင့်ချလာကာ သူ ခြိမ်းခြောက်ခံခဲ့ရတာဖြစ်ကြောင်း ဆိုလာသည်ဟု ရေးသားထားသည်။ သူ့ရှေ့နေတို့က သူ့ဘေး တစ်ဖက်တစ်ချက်စီတွင် ကာကွယ်သူ ရှင်ဘုရင်လေးပါးအလား ဝန်းရံထိုင်နေကြသည်။ သူ့မျက်နှာတွင်တော့ အထက်ထီးဆန်မှုနှင့် ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိသော အသွင်တို့သည် ထင်းရှင်းစွာ မော်ချီလျက်။

ဝမ်းရှောင်ဟွေး စာပြန်လိုက်သည် : ဒါ ဘာအဓိပ္ပာယ်လဲဟင်?

လီရှော့က အမြန် စာပြန်လာသည် : ချန်းရှင်းရဲ့ ရှေ့နေအဖွဲ့က တော်တော်လေး ပါဝါကြီးတယ်။ အမှုရှုံးရင်က သူ့တစ်သက် အပြင်ပြန်ထွက်လာနိုင်ဖို့ မဖြစ်နိုင်တော့ဘူး၊ ဒါပေမဲ့ သူ့ ရှေ့နေအဖွဲ့သာ ကောင်းကောင်းလှည့်နိုင်မယ်ဆို ခံဝန်ချုပ်နဲ့တင်ပဲ လွတ်ပြီ၊ အခြားပြစ်ဒဏ်တောင် ဘာမှမပါဘဲ ပြီးသွားမှာ။ တရားခွင်ကိစ္စက ပြောရခက်တယ်... တရားလိုဘက်ရှေ့နေကနေ ဘယ်လို ခိုင်လုံတဲ့သက်သေ ကြီးကြီးမားမား ထပ်တင်သွင်းလာနိုင်မလဲဆိုတာအပေါ် မူတည်သွားပြီ။

ဝမ်းရှောင်ဟွေး စာအနည်းငယ်ရိုက်ပြီးမှ အကုန် ပြန်ဖျက်လိုက်ပြီး သူ လီရှော့ဖုန်းကိုသာ ခေါ်လိုက်သည်။

လီရှော့က ဖုန်းကိုင်လာပြီး ခပ်ရေးရေးပြုံးကာ ပြော၏ "မင်း သိချင်နေမယ်မှန်း သိသားပဲ"

ဝမ်းရှောင်ဟွေး အနည်းငယ် ကြောင်သွားပြီး ကိုယ်တိုင်ပင် သတိပင်မထားမိဘဲ လျှာခလုတ်တိုက်မတတ် ပြန်ပြော၏ "လူ့သဘာဝ အတင်းအဖျင်းဆို စိတ်ဝင်စားတာပါ။ သူတို့ သတင်းကြီးက အရှည်ကြီးပဲ၊ ကျွန်တော် နားမလည်ဘူး"

"တကယ်တော့ ကိုယ် သေချာမပြောပြတတ်ဘူး၊ ထင်ကြေးအမျိုးမျိုးထွက်တာပဲ... ဒါပေမဲ့ အဆုံးသတ် ဘာဖြစ်လာမယ်ဆိုတာကကျ အခြားအခြေအနေတွေ ဘာမှ ထပ် စွက်ဖက်လာမှာမရှိတော့ဘူး သေချာရင်တောင် ကိုယ်တို့ ခန့်ပဲခန့်မှန်းနိုင်မယ်။ တိုတိုပြောရရင် အခု ချန်းရှင်း ပစ်သွင်းလိုက်တဲ့ သက်သေက တော်တော်လေး အားပြင်းလွန်းတယ်။ အခုဆို လော့ရိက ခြေကုန်လက်ပန်း ကျနေလောက်ပြီ။ ချန်ရှင်းက သူ့ဘက် အခြေအနေဟန်ပြီးတာနဲ့ သေချာပေါက် လက်တုံ့ပြန်မှာပဲ"

Additional Heritage [Myanmar Translation]Where stories live. Discover now