Chapter 57

17.3K 2.1K 583
                                    


[Unicode]

Chapter 57 - Even if he hates to choke Luo Yi to death, can he really watch Luo Yi fall into the abyss?

"သူ လော့ရိကို အမှုန့်ကြိတ်သတ်ပစ်ချင်တဲ့အထိ မုန်းတယ်ဆိုရင်တောင် လော့ရိ ချောက်ကမ်းပါးစွန်ကနေ ပြုတ်ကျမှာကို တကယ် ရှုစားနိုင်မှာတဲ့လား...?"


"မင်း အစစ်အမှန်..." ဝမ်းရှောင်ဟွေး၏ ရှိုက်သံသဲ့သဲ့တို့မှာ တည်ငြိမ်မှုမရှိလှ "မင်းပုံစံ အစစ်အမှန် ဟုတ်မဟုတ်ဆိုတာ ဘယ်သူက သိနိုင်မှာလဲ? ငါ မင်းကို ကောင်းကောင်း သိပြီလို့ တွေးလိုက်မိတဲ့အချိန်တိုင်း မင်းက လုပ်ရပ်အမျိုးမျိုးနဲ့ ငါ့ရင်ဝကို ဆောင့်ကန်တော့တာပဲ။ အခု မင်းပုံစံက အစစ်အမှန်ပါဆိုရင်တောင် ငါ မင်းကို မကြိုက်ဘူး။ ငါ သဘောကျတဲ့ လော့ရိက ကြင်နာတတ်တယ် သဘောကောင်းတယ်၊ ထက်မြတ်ဖျတ်လက်တဲ့ လူတစ်ယောက်။ သူက ပုံမှန်ထက် ကျော်လွန်တဲ့ အချို့အချို့သော ကိစ္စလေးတွေကို လုပ်တတ်တယ်ဆိုပေမဲ့ အမှားကို ဝန်ခံဖို့၊ သူ့အမှားသူ ပြင်ဆင်ဖို့ လိုလားတယ်။ အရေးအကြီးဆုံး အရာက ငါ့ကို သူ တန်ဖိုးထားတယ်၊ ငါ့ကို ချစ်တယ်၊ ငါ့အပေါ် မှီခိုတယ်. . . အဲ့ဒီ့လော့ရိက ငါ့နှလုံးသားထဲမှာ သေသွားခဲ့ပြီ"

ဝမ်းရှောင်ဟွေး ထိုစကားပြောအပြီးမှာ နှလုံးအိမ်မှ သွေးစိမ်းရှင်ရှင် ယိုစီးကျလာသလို ခံစားရ၏... တစ်ကိုယ်လုံးလည်း တုန်ယင်နေလျက် "မင်းကို? ငါ မင်းကို မသိဘူး"

"ကျွန်တော် ကောကို တန်ဖိုးထားတယ်၊ ကောကို သဘောကျတယ်၊ ကောအပေါ် မှီခိုတယ်။ ဟုတ်တယ်.. ချစ်တယ်ကြိုက်တယ်ဆိုတာ ဘာမှန်းမသိဘူးလို့ ကျွန်တော် ပြောခဲ့တယ်။ ဒါပေမဲ့ ကောက ကျွန်တော်နဲ့အတူရှိနေစေချင်တဲ့ တစ်ယောက်တည်းသောသူပဲ။ ခံစားချက်တွေအကုန်လုံးက တိကျတဲ့ စကားလုံးတစ်ခုနဲ့ ဖော်ပြမှဖြစ်တာမဟုတ်ဘူးလေ။ ကျွန်တော် ခံစားချက်ကို ဖော်ပြပါဆိုရင်တော့ သေချာတာက ကျွန်တော် ကောကိုဆို အခြားလူတွေအပေါ်ထက် ခံစားချက်ပိုရှိနေတယ်ဆိုတာပဲ"

"မင်းက လူတစ်ယောက်ကို အကျိုးရှိရှိ အသုံးချဖို့နဲ့ လှည့်စားလိမ်ညာဖို့အတွက် တန်ဖိုးထားတာပေါ့?" ဝမ်းရှောင်ဟွေး တုန်လှုပ်မိ၏။

Additional Heritage [Myanmar Translation]Where stories live. Discover now