[ Unicode ]
Edited ver.
Chapter 5- "We are relatives. From now on, Brother Xiaohui will cover you."
" ငါတို့က အမျိုးတွေပဲ။ အခုကစပြီး ရှောင်ဟွေးကောက မင်းကိုကာကွယ်ပေးမယ် "
ချောင်ဟိုင်က သူတို့ကို ဗီလာရှေ့ထိ ပို့ပေးသည်။
ဒီနေရာက နည်းနည်းသက်တမ်းကြာနေပြီဆိုပေမယ့် ထိန်းသိမ်းထားသည်မှာ အလွန်ကောင်းမွန်သဖြင့် လူနေထိုင်မှုနှုန်းကလည်း ရာနှုန်းပြည့်။ ပတ်ဝန်းကျင်အနေအထားကလည်း အကောင်းဆုံးဖြစ်သောကြောင့် ဈေးကလည်း တော်တော်ကို မြောက်မည့်နေရာမျိုးပင်။
လော့ရိ စက်ဘီးကို ကားပေါ်မှ ချလိုက်ပြီး
"ဦးလေးချောင်၊ ကျေးဇူးပါ။ ကားကို သတိထားပြီးမောင်းသွားပါ"
"အင်း၊ မင်းလည်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်"
ဝမ်းရှောင်ဟွေး ချောင်ဟိုင်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး မျက်တောင်လုံးဝမခတ်ဘဲ ချောင်ဟိုင်ကိုစိုက်ကြည့်နေလျက် မသိမသာ လျှပ်စီးများထုတ်လွှတ်နေကာ...
"ဘိုင့်ဘိုင်နော် ရှေ့နေချောင်"
ချောင်ဟိုင်က ပြုံးပြပြီး လက်ပြကာ ထွက်သွားသည်။
လော့ရိက သူတို့နှစ်ယောက်ဘေးမှာရပ်နေပြီး မျက်လုံးကို စွေကြည့်ရင်း ပြုံးစိစိနှင့်
"ရှောင်ဟွေးကော ဝင်လာလေ"
ဝမ်းရှောင်ဟွေးက သူနှင့် ဘေးချင်းယှဥ်ကာ ဝင်းထဲသို့ လျှောက်ဝင်ရင်း
"ဝေ့၊ ရှေ့နေချောင်က မဆိုးဘူးပဲ၊ အသက်ဘယ်လောက်လောက်ရှိပြီလဲ"
"သုံးဆယ့်နှစ်လောက်လို့ ထင်တာပဲ။ တော်တော် သဘောကောင်းတယ်။ အောင်မြင်တဲ့အလုပ်အကိုင်ကောင်းကောင်းရယ် မိသားစုရယ်နဲ့ အဆင်ပြေပြေလေးပဲ။ တော်တော်လေး ထက်ထက်မြက်မြက်ရှိတဲ့လူပါ"
ဝမ်းရှောင်ဟွေး နည်းနည်းတော့ စိတ်ပျက်သွားရသည်။
"အို... သူက အိမ်ထောင်နဲ့ပဲ"