[Unicode]
Chapter 102
တအောင့်နေလောက် လော့ရိ ဆေးရှိန်နဲ့ မှိန်းကျသွားတော့မှ ဝမ်းရှောင်ဟွေး ကုတင်ပေါ်ကနေ ဖွဖွလေး ဆင်းလိုက်သည်။
သူ နည်းနည်းလောက် လှုပ်လှုပ်လိုက်ချင်းပဲ လော့ရိက ချက်ချင်း မျက်လုံးပွင့်လာကာ... "ကော ဘယ်သွားမလို့လဲ?"
ဝမ်းရှောင်ဟွေးမှာ တုန်တက်သွားရ၏... "မားက ညစာပြန်စားဖို့ ခေါ်ထားလို့"
လော့ရိမှာ အဲ့တော့မှ သက်ပျင်းချနိုင်သည်။
"ဘာဖြစ်လို့လဲ?"
"ကျွန်တော် မိုက်ခနဲ ခဏ မှိန်းကျသွားတာ... အိပ်မက်မက်တာနဲ့တူပါတယ်... ကောက ကျွန်တော့်ဘေးမှာရှိနေရာက ကျွန်တော့်ကို ထားခဲ့ပြီး..."
လော့ရိက သက်ပျင်းချ၍... "အာ...ကောကို စိတ်အနှောင့်အယှက်ဖြစ်စေမိပြီ... ကျွန်တော် ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်သွားပါလိမ့်..."
ဝမ်းရှောင်ဟွေး လော့ရိကိုကြည့်ပြီး ရင်ထဲ အနည်းငယ် စိတ်မကောင်းဖြစ်သွားရသည်။ သူ တအောင့်လောက် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်... "မနက်ဖြန် ပြန်လာခဲ့မယ်"
လော့ရိက သူ့ကို ကြင်နာစွာ ကြည့်ကာ... "ရှောင်ဟွေးကော... တကယ် ပြန်မလို့လား?"
တအောင့်ကြာ တုံ့ဆိုင်းမိပြန်ပေမဲ့ နောက်ဆုံး သူ ခေါင်းညိတ်လိုက်သည်။
"ကျွန်တော့်ကို ထပ်နမ်းလို့ရနိုင်မလား"
ဝမ်းရှောင်ဟွေး သူ့ နဖူးကို ဖွဖွလေး နမ်းလိုက်သည်။ ပြီးနောက် နှုတ်ခမ်းဆီကို တစ်ချက်...
လော့ရိက ပြုံးပြပြီး... "ချိုတယ်"
ခံစားချက်တို့ပြည့်သိပ်တက်လာသောမျက်ဝန်းများနှင့်ဆုံတော့ ဝမ်းရှောင်ဟွေးရင်ထဲ သိမ့်ခနဲတုန်ယင်သွားရ၏။ လော့ရိရဲ့ ချောင်ကျနေသော ဖြူရော်ရော်မျက်နှာဟာ လှရက်လွန်းသည်။ နောက်ပြီး... သနားချင့်စဖွယ်လည်း ကောင်းသည်...
သူ လော့ရိမျက်နှာလေးကို ပုတ်ကာ "ကောင်းကောင်းနား... ပြန်တော့မယ်"