Chapter 40

17.4K 2.6K 1.1K
                                    

Scroll down for Unicode. ပါကိုပါတယ်။ မပေါ်ရင် တစ်ခုခုသာလုပ်လိုက်ကြပါ။

[Zawgyi]

Chapter 40 - "I didn't just say this to keep you!"

"ကျွန်တော် ကောကို သိမ်းဆည်းထားချင်ရုံတစ်ခုနဲ့ပဲ ဒီစကားတွေကိုထုတ်ပြောခဲ့တာမဟုတ်ဘူး!"

ဝမ်းရှောင်ဟွေး သူ့ဦးနှောက်ကြီး "ဝုန်း"ဆိုပေါက်ထွက်သွားသလိုခံစားလိုက်ရသည်။ သူ လီရှော့ရဲ့ပခုံးကို ဖမ်းကိုင်ကာ မျက်လုံးအစုံကိုမှိတ်လိုက်ပြီး ပူနွေးသောနှုတ်ခမ်းတစ်စုံ၏ ထိတွေ့မှုကိုခံစားလေ၏။

နှစ်ယောက်က အရပ်လည်းတော်တော်လေးကွာပြီး သူ့ကို လီရှော့ပွေ့ဖက်ထားသည့်ပုံစံအနေအထားကြောင့် ဝမ်းရှောင်ဟွေးကိုယ်လုံးလေးက လေထဲမှာတွဲလောင်းချိတ်ခံထားရသလိုမျိုးနီးပါး ရေပေါ်မြောက်နေတော့သည်။ နှုတ်ခမ်းနှင့်လျှာတို့၏ ပြင်းပြစွာရစ်ပတ်ငြိတွယ်မှုတို့နှင့်အတူ မာကျောပူနွေးနေသည့်အရာနှစ်ခု ရေအောက်ထဲတွင် အချင်းချင်းပွတ်တိုက်နေသည်ကို မသိမသာလေးခံစားမိနေသည်။

လီရှော့က တိုးညှင်းစွာသောအသံဖြင့်ပြောသည်

"အိပ်ခန်းဆီသွားကြရအောင်"

ဝမ်းရှောင်ဟွေး ရှက်သွေးဖြန်းသွားရပြီး ခေါင်းညိတ်လိုက်သည်။ သူ့ရင်ထဲမှာ တိုးတိုးလေးအော်ဟစ်လို့နေမိပြီး သူ့ဦးနှောက်က ပေါက်ကွဲတော့မတတ်ပင်။

လီရှော့က ကန်ဘောင်ပေါ်အရင်တက်၊ ရေချိုးတဘက်ထည်ကိုဝတ်ပြီးနောက် သူ့ကိုဆွဲတင်ကာ ကိုယ်ပေါ် တဘက်ထည်လွှမ်းပေးအပြီး နှစ်ယောက်သား အိမ်ထဲကို ခြေနှစ်လှမ်းသုံးလှမ်းနှင့်အရောက်ပြေးလေတော့သည်။ အိမ်တံခါးပိတ်လိုက်တာနှင့် အခန်းထဲရှိအပူရှိန်က အပြင်ဘက်ကနေပါလာသည့်အအေးဓာတ်ကို ချက်ချင်းဆိုသလို လွှင့်ပယ်သွားစေသည်။ လီရှော့က သူ့ကိုနံရံမှာတွန်းကပ်ကာ ပြင်းပြင်းပြပြနမ်းရှုပ်လာသည်။ ဝမ်းရှောင်ဟွေး ထိတ်ထိတ်ပျာပျာဖြစ်သွားကာ ဖုန်းက ကြမ်းပြင်ပေါ်ပြုတ်ကျသွားပြီး သူ လီရှော့နောက်ကျောကို ပွတ်သပ်မိတော့သည်။

နှစ်ယောက်သား တံခါးဆီကနေ အိပ်ခန်းထိ တစ်လမ်းလုံးနမ်းလာကြပြီး ခံစားချက်တို့ကသက်ဝင်လှုပ်ရှားနေပြီးဖြစ်ကာ သူတို့နှစ်ယောက်၏ အသိအာရုံနှင့်ခန္ဓာကိုယ်တို့ကလည်း ပရေရီမြက်ခင်းပြင်ကို လွင်ပြင်ထီးထီးဖြစ်သွားအောင်ထိထိ မီးမြှိုက်လိုက်သလိုမျိုးပင် အခြားသောခံစားချက်စိတ်အာရုံတို့အလုံးစုံကို ဖယ်ရှားထားပြီးဖြစ်သည်။

Additional Heritage [Myanmar Translation]Where stories live. Discover now