Chapter 92

12.1K 2.2K 537
                                    


[Unicode]

အမှားပြင်ဆင်ချက် - အပေါ် အပိုင်းအဆုံးမှာ ဗုံးမှာတပ်လိုက်တဲ့ အာရုံခံ disc(ချပ်ပြား)နှစ်ခုရဲ့လုပ်ဆောင်ပုံက တကယ်တမ်းမှာ သူ့ပေါ်ထိုင်လိုက်တဲ့အချိန်မှာ စပြီး activateဖြစ်တာပါ။ အဲ့အပြားနှစ်ခုပေါ် ထိုင်ချရတာပါ။ အပြားနှစ်ခုကို ထောင်ထားပြီး အဲ့ရှေ့ မတ်တပ်ရရသလို ရေးထားမိလို့ပါ။ မှားယွင်းသွားတဲ့ဒီတစ်ချက်အတွက် စာဖတ်သူများကို ကိုယ် တောင်းပန်ပါတယ်. . . T T။

ထိုင်လိုက်ရင် သူ့ရဲ့လုပ်ဆောင်မှု (အာရုံခံခြင်း) စတင်တယ်။ သူ့ပေါ် တစ်ယောက်ထလိုက်တာနဲ့ ထလိုက်ပြီး ဆယ်စက္ကန့်မှာ ဗုံးပေါက်မယ်။ တစ်ယောက် ထ,တာမဟုတ်ဘဲ နှစ်ယောက်လုံး ထလိုက်မယ်ဆိုရင်တော့ ချက်ချင်း ပေါက်ကွဲမယ်။ အဲ့လိုပါ။

အပေါ်အပိုင်းက မှားနေတာကို နောင့်နောင် ကိုယ်အချိန်ရမှပဲပြင်ပါရစေနော်။

.....................

Chapter 92

လော့ရိက ခေါ်တဲ့ဆီ တိုးလာမယ်အလှမ်းမှာ ချန်းရှင်း တစ်ခုခုကို ခံစားမိပြီး ဆတ်ခနဲခြေတစ်လှမ်း နောက်ယို့၊ သူ့လူတစ်ယောက်ရဲ့နောက်မှာ ကွယ်ရပ်လိုက်သည်။

လော့ရိက လက်သီးကျစ်ကျစ် မသိမသာဆုပ်သွားပြီး ချန်းရှင်းကို နာကျည်းခြင်းငရဲသဖွယ် အေးစက်ခြင်းအတိမျက်လုံးများဖြင့် ကြည့်၏။

လူနှစ်ယောက်က လော့ရိကို ချုပ်၍ အာရုံခံစက်ပေါ် အတင်းဆွဲချ၊ ထိုင်စေပြီးနောက် ကြိုးဖြည်ပေးသည်။

လော့ရိ ကြိုးတုပ်ခံထားရ၍ ထုံနေသောလက်များကို ခါလိုက်သည်။

ချန်းရှင်းက သူ့ကို စီးပိုးစွာ ကြည့်ပြီး "လော့ရိ. . နောင်တရသလား"

ထိုစကားကြားတော့ လော့ရိက ခေါင်းမော့လာ၍ "ကျွန်တော်နောင်တအရဆုံးက ခင်ဗျားကို မီးမြှိုက်ပြီး အသေမသတ်ခဲ့တဲ့အတွက် ဒီလိုပြဿနာတွေအများကြီးရှိလာခဲ့စေတာကိုပဲ"

"ငါ့ကို မီးမြှိုက်သတ်ခဲ့ရင် မင်းလည်း သေမှာပဲလေ"

လော့ရိက တစက္ကန့်မျှတန့်နေပြီးမှ... "ဒါပေါ့"

Additional Heritage [Myanmar Translation]Where stories live. Discover now