Chapter 96

12.3K 2.1K 101
                                    


[Unicode]

Chapter 96

ချိုင်ဟိုင်ပြန်သွားပြီးနောက် ဝမ်းရှောင်ဟွေး ဧည့်ခန်းမှာ အတန်ကြာ ထိုင်နေမိသည်။

ချိုင်ဟိုင့်စကားတွေနှင့် ပြောသွားပုံ လေသံအသွားက သူ့အား အနည်းငယ် ထိုင်မရထမရ ဖြစ်ကျန်ခဲ့စေ၏။ ပြောသွားတဲ့စကားအပြီး နောက်မှာ တစ်ခုခုထပ်ပြောဖို့ကို တုံ့ဆိုင်းနေသလိုလို...

လော့ရိ တကယ်လိုချင်တာ ဘာလဲ...? ဒါပေမဲ့လည်း သေဆုံးသွားခဲ့ပြီဖြစ်တာကြောင့် သူကြိုးစားရယူခဲ့တဲ့ ထိုအရာကို ပိုင်ဆိုင်နိုင်ခြင်းမရှိတော့...

သေသွားပြီဆို အဲ့တော့ ရှေ့ ဘာဆက်လုပ်ရမှာလဲ? . . ဈာပနလုပ်ရမှာလား? သူ့..သူ့အလောင်းကို ပင်လယ်ပြင်ကျယ်ကြီးထဲ ပြန်ရှာတွေ့နိုင်ပါ့မလား?

ဗုံးပေါက်ကွဲမှုထဲ လော့ရိရဲ့ ပြီးပြည့်စုံတဲ့ မျက်နှာလေး ဘယ်လိုများ မြင်ရက်စရာမရှိအောင် ဖြစ်သွားမလဲဆိုတာကို သူ တွေးကြည့်ဖို့ပင် မဝံ့ရဲ။

နောက်ဆုံး မိနစ်ပိုင်းလေးမှာ ဘာတွေများ ဖြစ်သွားခဲ့ပါလိမ့်...

ချိုင်ဟိုင်က ချန်းရှင်းသေပြီလို့ ပြောတယ်...ဆိုတော့ ချန်းရှင်းက အဲ့လှေပေါ် ရှိနေခဲ့တယ်ပေါ့။ သူ ထွက်လာအပြီးနှင့် ဗုံးပေါက်ကွဲတဲ့အကြား အချိန်က စက္ကန့်တစ်ရာထက် ကျော်တာ၊ ဗုံးကို ချန်းရှင်း ရပ်ထားလိုက်တာ သေချာသည်။ ဒါကို ဗုံးက ဘယ်လိုဖြစ်ပြီး ပေါက်သွားခဲ့တာလဲ?! ချန်းရှင်းကိုယ်တိုင် ထိန်းချုပ်လို့ရတဲ့ဗုံးက ဘယ်လိုလုပ် သူ့ကိုပါ သတ်သွားခဲ့တာလဲ?

အချိန်နှစ်လရှိသွားပြီးတဲ့နောက်မှာ ဝမ်းရှောင်ဟွေး တဖြည်းဖြည်း စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်လာခဲ့သည်။ နောက်ဆုံးတော့ သူ အဲဒီ့နေ့က ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အစအဆုံး သေချာ ပြန်အတွေးဖော်ရဲခဲ့ပြီ။ ကြောက်ရွံ့စိတ်အသိတစ်စုံတစ်ရာဖြင့် တုန်ယီဆဲ၊ ဆူးနင့်နေအောင် နာကျင်ရပေမဲ့ သူ ပေါ်လာတဲ့မှတ်ဉာဏ်တို့ကို ရပ်မပစ်လိုက်နိုင်...

အဲ့နေ့က လှေပေါ်မှာ သူထွက်လာအပြီး ဘာတွေဆက်ဖြစ်ကျန်ခဲ့လဲဆိုတာကို ပုံဖော်ကြည့်မိသည်... လော့ရိကို ဘယ်တော့မှ ပြန်တွေ့ခွင့်မရှိတော့ဘူးဆိုတာကို စိတ်ကူးကြည့်မိသည်... လော့ရိရဲ့ နောက်ဆုံးထွက်သက်ကို ပုံဖော်ကြည့်မိရင်း သူသာ အဲ့တုန်းက ထွက်ပြေးမလာခဲ့ရင် လော့ရိ သေရမှာမဟုတ်ဘူးရယ်လို့ တွေးမိပါ၏...

Additional Heritage [Myanmar Translation]Wo Geschichten leben. Entdecke jetzt