Scroll down for Zawgyi...ပါတယ်ပါတယ်...အပိုင်းရှည်တော့ မပေါ်တာ ဘာညာတော့ ရှိလောက်မှာ။ ထွက်တာ ဝင်တာ လုပ်ကြည့်ပါ
[Unicode]
Chapter 52
Friendly reminder - ဒီအပိုင်းက ပုံမှန်အပိုင်းတွေရဲ့ နှစ်ဆရှိပါတယ်။ ဝတ္ထုတစ်ခုလုံးမှာ အရှည်ဆုံး chပါ။ Dialogueတစ်ခုချင်းစီတိုင်းကို ဖြည်းဖြည် းအေးအေးဆေးဆေး ဖတ်ရင် ပိုဖတ်လို့ကောင်းတယ်လို့...
နှစ်ကူး ရောက်ခါနီးတော့ အရာအားလုံးက ဈေးတက်ကုန်ပြီ၊ အလုပ်သမားရှာရတာ မလွယ်တော့။ ဝမ်းရှောင်ဟွေးအနေနှင့် အိမ်ပြင်တာကို ပိုစောစော ပြီးချင်ပေမဲ့ ဒီအတောအတွင်းတော့ ပြင်ဆင်အချောသတ်တဲ့အပိုင်းကို ရှေ့ဆက်ဖို့က တကယ်ကို အဆင်မပြေ၊ အဲ့အပြင် သူ ငွေအပိုလည်း အကုန်မခံချင်။ သူ့အမေနှင့် တိုင်ပင်ပြီးနောက် အိမ်ပြင်ဆင်တာကို ခဏရပ်ထားလိုက်ကာ နောက်မှ ပြန်စဖို့ လုပ်လိုက်သည်။
နှစ်ကူးဆို လော့ယွဲ့က သူ့မိဘတွေဆီ သွားကိုသွားဖြစ်မှာ၊ ဝမ်းရှောင်ဟွေးတို့သားအမိလည်း ပိုင်ရှင်မရှိတဲ့ အိမ်မှာ ဆက်နေဖို့ကျ မျက်နှာပူမိသည်။ သို့နှင့်ပဲ နောက်ဆုံးတော့ ဖန်းယွီ့ဟွားလည်း ရာရာ့အိမ်မှာ ခဏသွားနေဖို့ကို သဘောတူလေသည်။
သူတို့တွေ ပစ္စည်း နည်းနည်းပါးပါးလောက်ပဲ ယူပြီး ပြောင်းသွားလိုက်သည်။ နေသားမကျသေးသည့်အိမ်၊ အစိမ်းသက်သက် ပတ်ဝန်းကျင်တို့က သူတို့ကို ခြံစည်းရိုးခတ် ပိတ်လှောင်ခံထားရတဲ့ သီးခြားနေရာတစ်ခုစီရောက်နေသလို အမြဲ စိတ်ကို ပုံရိပ်ယောင်လောကထဲ တွန်းပို့ထားသည်။
အလုပ်ဆင်းတော့ ဝမ်းရှောင်ဟွေး အတော်လေး ပင်ပန်းနေပြီ။ သူ အိပ်ရာပေါ်လှဲချလိုက်ပြီး ညီးညူလေ၏။ လော့ရိက သူ့ခြေထောက်ကို လာဖျစ်ပြီး "ပိတ်ရက်က ဘယ်တော့လဲ?"
"နှစ်ကူးအကြိုနေ့ထိ အလုပ်များနေမှာ။ ဒါတောင် ဧည့်အများကြီးထဲကမှာ ခေါင်းသုံးဆယ်ပဲ ရွေးယူထားတာ"
"ကော ဒီတစ်လော အရမ်းပင်ပန်းနေရပြီ၊ အိမ်ပြင်တာရော အလုပ်ရောနဲ့။ ဒါမှမဟုတ် လုပ်သက်ခွင့် ယူလိုက်ပါလား"
![](https://img.wattpad.com/cover/242664422-288-k227577.jpg)