Chapter 75

15K 2.3K 385
                                    


[Unicode]

Chapter 75

တုန်လှုပ်ရပြီး ရက်အနည်းငယ်အတွင်း လော့ရိဘက်က ထပ်ပြီး လှုပ်ရှားလာခြင်းမရှိ... ဝမ်းရှောင်ဟွေးရဲ့ သတိတကြီးရှိနေရမှုသည်လည်း တဖြည်းဖြည်း အေးအေးဆေးဆေး ပြန်ဖြစ်သွားသည်။ သူ လီရှော့ကို ဒီအကြောင်း မပြောပြဖြစ်။ တကယ်ဆို သူနှင့် လီရှော့က အသိမိတ်ဆွေတွေသာ... လီရှော့က သူ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ကူညီပေးဖို့ တာဝန်ရှိသည်မှမဟုတ်တာ၊ ကိုယ့်အရှုပ်ကို ကိုယ်ဟာကိုယ်သာ ရှင်းရမည်လေ။ အကူအညီဆိုတာက အမြဲယူနေလို့ မကောင်း...

သူ ဖုန်ချန်မှာပဲရှိနေဖြစ်တာကြောင့် သူ့အမေက အမေရိကားထွက်သွားပြီးကတည်းက တရုတ်ကို ပြန်မလာဖြစ်တော့။ နှစ်ကူးပြီးရင်တော့ သူ သူ့အမေဆီ သွားလည်ဖို့ စဥ်းစားထားသည်။ တကယ်တော့ သူ အမေရိကားမှာ တစ်နှစ်လောက်သွားနေဖို့လည်း တွေးထားသည်... ဟိုမှာနေရတာ နေသားတကျ အဆင်ပြေတယ်ဆို သူ အပြီးပြန်မလာတော့... ဝေးသထက်ဝေးဝေးမှာရှိနေလေ သူ ပိုလို့ စိတ်သက်သာရသည်လေ...

သူ လီရှော့ကို လီချိန်ရှို့ကိစ္စနှင့်တော့ သေချာပေါက် ဖုန်းဆက်ရဦးမှာပေါ့...

သူ ဘယ်ကဘယ်လိုဖြစ်လို့ရယ်မသိ သူတို့နှစ်ယောက်ကို အရမ်း,အရမ်း လိုက်ဖက်တယ်လို့ ခံစားမိသည်... လီချိန်ရှို့ပုံစံက လီရှော့မျက်လုံးနဲ့ အကိုက် မဟုတ်နိုင်လောက်ဘူးဆိုရင်တောင် လီရှော့က လူတစ်ယောက်ကို အမြင်သက်သက်နှင့်ပဲ ဆုံးဖြတ်တတ်သူမဟုတ်။ လီချိန်ရှို့ရဲ့ အနွံနာခံတတ်ပုံ စိတ်ရင်းအခံ ရိုးရိုးရှင်းရှင်းပုံစံလေးက သူ့ကိုပင် ရင်ထဲဝရုန်းသုန်းကားဖြစ်သွားစေသည်။ ဒါက ရမ္မက်ဆန်ဆန်နှိုးကြွမှု ခံစားချက်မျိုးမဟုတ်... မြင်ရသူအပေါင်းရဲ့ နှလုံးသားအစုံမှာ သိမ့်ခနဲလှုပ်ရှားသွားရစေတာမျိုး... အလိုလိုကို ဒီလူဆီက နွေးထွေးမှုကို တမ်းတမက်မောလာစေတော့တာ...

လီရှော့က ဒီအကြောင်းကြားတော့ အံ့အားသင့်သွားပြီး အပြုံးလေးဖြင့် မေးသည်... "မင်းက ကိုယ့်ကို ကောင်လေးမိတ်ဆက်ပေးချင်တယ်?"

Additional Heritage [Myanmar Translation]Where stories live. Discover now