[Sweetheart] Extra - 12

6.7K 1.2K 94
                                    


[Unicode]

[Sweetheart] Extra - 12

Chapter 118

လော့ယွဲ့ဆိုင်က ပျားပန်းခတ်စည်ပင်လှတဲ့ Business square (စီးပွားရေးဇုန်)မှာရှိတာဖြစ်သည်။ အနီးအနားတင် ဈေးဝယ်စင်တာကြီးတွေ နှစ်ခုသုံးခု အပြိုင်ဟည်းလျက် အရသာရှိတဲ့ဆိုင်တွေ၊ ဈေးဝယ်စရာ၊ ပျော်စရာနေရာတွေ အများကြီး။ စုံတွဲတွေ ဒိတ်လုပ်ဖို့ အလွန် အဆင်ပြေလှသည့်နေရာပေ။

လော့ယွဲ့ သူ့ဘဝရဲ့ ပထဆုံးဒိတ်က ဒီလောက်ထိ ရုတ်တရက်ဆန်လိမ့်မယ်လို့ ထင်မထား။ သူ စိတ်ကူးယဥ်ထားတဲ့ ဒိတ်လေးက ချိန်းမတွေ့ခင် အနည်းဆုံး တစ်ပတ်ကြိုပြီး ဝိတ်ချပြီး ကိုယ်ပုံစံသွင်ပြင်ကို သေချာလေး အာရုံစိုက်ဖို့။ ထိုနေ့မှာ သူ သေချာလေး ဝတ်စားမည်၊ အင်္ကျီအသစ်လေးဝတ်ပြီး အကောင်းဆုံးအနေအထားနှင့် ချစ်သူကောင်လေးရှေ့တွင် ထွက်ပေါ်မည်။

ဒါပေမဲ့လဲ လက်တွေ့က ရက်စက်လှပေ၏။ သူ မနေ့က ခေါင်းမလျှော်၊ မိတ်ကပ်လည်းမဖျက်ထားမိ။ ဒီနေ့ ဆိုင်မှာ သူ အလုပ်များလွန်းလို့ ချွေးတလုံးလုံးဖြစ်နေသည့်အပြင်မှာ အင်္ကျီကလည်း မနက်က တွေ့ရာ ကောက်ဆွဲဝတ်လာခဲ့တာ။ ချင်ဇီကျောင်းကြီးက ဘာလို့ ကြိုမပြောရတာလဲလို့! အနှီ စီစဥ်ထားခြင်းမရှိသော ချိန်းတွေ့မှုသည် သူ၏ မိန်းမပျိုစိတ်ကူးယဥ်အိပ်မက်ငယ်ကို ကွဲကြေသွားစေကာ သူ့အား အတန်ငယ်စိတ်တိုဒေါသထွက်စေ၏။

"ဘာကြည့်ချင်လဲ"

"ဟမ်"

လော့ယွဲ့ အသိပြန်ဝင်လာပြီး ထိုတော့မှ သူ့ကို ချင်ဇီကျောင်း ကြည့်နေတာကို သတိထားမိသည်။ လော့ယွဲ့ LCD screenကို အမြန်ပဲ တစ်ချက်လိုက်ကြည့်ကြည့်လိုက်သည်။ သူ အသစ်တင်တဲ့ရုပ်ရှင်တွေကို ဘယ်တုန်းကမှ စိတ်ဝင်တစား လိုက်ကြည့်နေလေ့မရှိရာ ဘယ်ကားကောင်းလို့ကောင်းမှန်းမသိ။ သူ ပြုံးပြီး ပြောလိုက်သည်။

"မင်း ဘယ်ကားကြည့်ချင်လဲ"

"အကုန်အဆင်ပြေတယ်... မင်းရွေး"

ချိန်းတွေ့ရင် အချစ်ဟာသကားကြည့်သင့်တာပဲလို့ လော့ယွဲ့ တွေးမိလိုက်သည်။ သို့နှင့်ပဲ သူ တွေ့ရာတစ်ခု ကောက်ရွေးလိုက်တော့သည်။

Additional Heritage [Myanmar Translation]Hikayelerin yaşadığı yer. Şimdi keşfedin