119▪️120▪️121

2.9K 430 11
                                    

အခန်း (၁၁၉) - အကြီးအကျယ် ပျက်စီးစေခြင်း (3)

မီးပန်းပေါက်ကွဲသံက လေထုကို အရင်ကထက် ပိုပြီး သက်ဝင်လှုပ်ရှားသွားစေတယ်။ လမ်းပေါ်က လူတွေတောင်မှ လှည့်ကြည့်ကုန်ကြတယ်။ ရှုယန်က မိုက်ကရိုဖုန်းကို ကိုင်ကာ ခွေးခြေခုံပေါ်ရပ်ပြီး ကြေညာလိုက်တယ်။"အများစုက ကျွန်မတို့ အထူးဆုက တကယ်ဟုတ်လား၊ မဟုတ်လားဆိုတာ သံသယရှိခဲ့ကြတယ်။ အခုနောက်ဆုံးတော့ တစ်ယောက်ယောက်က အထူးဆုကို မဲပေါက်သွားပါပြီ။ အထူးဆုတီဗွီကို မဲပေါက်သွားတဲ့ ဒီလူကြီးမင်းကို ဂုဏ်ပြုလိုက်ရအောင်"

လူတိုင်းဟာ ရှုယန်နဲ့အတူ လက်ခုပ်တီးလိုက်ကြတယ်။

လက်ခုပ်တီးတာ ရပ်သွားတဲ့ အချိန်မှာ ရှုယန်က ဆက်ပြောလိုက်တယ်" စီးပွားရေးလုပ်တဲ့အခါ ရိုးသားမှုက အရေးကြီးဆုံးပဲ။ ကျွန်မက တီဗွီကိုပေးမယ်လို့ ကတိပေးခဲ့ပြီး ကတိတည်ခဲ့ပါတယ်နော်။ ပြီးတော့ ဒီကလူကြီးမင်းကလည်း အတော်လေး ကံကောင်းတဲ့လူပါ။ သူ မနေ့က သူ့ဇနီးမွေးနေ့အတွက် ရှပ်တစ်ထည် ဝယ်ခဲ့ပြီး ဒုတိယဆု လျှပ်စစ်ပန်ကာကို မဲပေါက်ခဲ့တယ်။ ဒီနေ့ သူ့မိန်းမနဲ့ ထပ်ရောက်လာပြီး ဝတ်စုံထပ်ဝယ်ခဲ့တယ်။ဒီနေ့တော့ တီဗွီမဲပေါက်သွားတာပါပဲ။ လူကြီးမင်း ရှင်က ကောင်းကင်ဘုံရဲ့ သားတော်များလား"

ပွဲကြည့်သူ#1; ဟုတ်ပါ့။ သူ ဘယ်လိုလုပ် ဒီလောက် ကံကောင်းရတာလဲ။

ပွဲကြည့်သူ#2; ဒီသူဌေးမ ဟာသလုပ်နေတာပဲ။ ဒါပေမယ့် သူက ကောင်းကင်ဘုံရဲ့ သားတော်လိုမျိုး ကံကောင်းတာတော့ သေချာတယ်။

မဲပေါက်သွားတဲ့ အမျိုးသားက မဲစာရွက်ကို ကိုင်ထားဆဲ ဖြစ်ပြီး ရှုယန်ရဲ့ စကားကို အလေးအနက် စဉ်းစားနေတယ်။ သူက ကြောင်တောင်တောင် ပြုံးလိုက်ပြီး ခေါင်းကုတ်ကာ ပြောလိုက်တယ်။ "ကျုပ်က ကံကောင်းရုံလေးပါပဲ ..ကံကောင်းရုံပါပဲ"

ဝတ်စုံကိုင်ကာ သူမဘေးမှာ ရပ်နေတဲ့ အမျိူသမီးက အရမ်းကို ပျော်ရွှင်နေပြီး မျက်လုံးတွေ နီရဲနေတယ်။ သူမက သူမယောက်ျားလိုက်မောင်းကို ဆွဲလိုက်ပြီး ရှေ့နောက် လှုပ်ခါလိုပ်တယ်။ "တီဗွီ ၊ ကျွန်မတို့ တီဗွီ မဲပေါက်ပြီ"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now