▪️4▪️

5.5K 681 8
                                    

Unicode

အခန်း (4): ဘန်း! မိခင်တစ်ယောက်အဖြစ် ဘဝ ခရီးစတင်ခဲ့ပြီ၊ စိတ်လှုပ်ရှားစရာပဲ!(4)

သူတို့မိသားစုက သူတို့ကို ဦးနှောက်ဆေးတဲ့အလုပ် ကောင်းကောင်းလုပ်ခဲ့ကြပါတယ်။မူလပိုင်ရှင်နဲ့ သူမရဲ့ ဒုတိယအစ်မနှစ်ယောက်လုံးဟာ သူမတို့မိသားစုအတွက် သူမတို့ ကိုယ်တိုင် စိတ်ပါလက်ပါ စွန့်လွတ် အနစ်နာခံခဲ့ကြတယ်။ အားလုံးခြုံကြည့်ရင် မူလပိုင်ရှင်က သူမမိဘတွေကို ပိုက်ဆံအတော်လေး ပေးခဲ့ပြီးပြီ။

လူဖျင်းကောင်က ဖောက်ပြန်တာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးဆိုတာ ရှုယန်အံ့သြထိတ်လန့်စွာ သိလိုက်ရတယ်။

မူလပိုင်ရှင်က ယဲ့ထျန်းပေါင်ကို ကိုယ်ဝန်ဆောင်တုန်းကလည်း ယဲ့ကျစ်ချန်းက ဖောက်ပြန်ခဲ့သေးတယ်။အဲ့တုန်းက မူလပိုင်ရှင်က ငိုယိုပြီး ဒွိဟဖြစ်လာတော့ မူလပိုင်ရှင်ရဲ့ အမေက ရောက်လာပြီး အဲဒါကို မမြင်ချင်ယောင်ဆောင်ပြီး ကျော်သွားဖို့ ပြောလာတယ်။သူမပြောချင်တဲ့ အဓိပ္ပာယ်က ယဲ့ ကျစ်ချန်း အတော်ကလေး အောင်မြင်နေတဲ့ ယောက်ျားတစ်ယောက်ပဲ၊ အောင်မြင်နေတဲ့ ယောက်ျားတိုင်း အနည်းနဲ့ အများတော့ သူတို့ ဘေးမှာ မိန်းမတွေ ရှိကြတယ်။ ဒါကြောင့် ဇနီးဖြစ်တဲ့ သူမက အဲ့အရာတွေကို လျစ်လျှူရှုပြီး ကျော်သွားတတ်ဖို့လိုအပ်တယ်ဆိုပြီး ပေါ့။ဘာက မယုံနိုင်စရာကောင်းလဲဆိုတော့ မူလပိုင်ရှင်က အဲ့ဒါကို သဘောတူခဲ့တာပဲ။ ဒီတစ်ကြိမ်ပဲ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့တယ်။ဘာလို့လဲဆိုတော့ လူဖျင်းကောင်က ကွာရှင်းဖို့ အတင်းအကျပ် တိုက်တွန်းလာလို့လေ။

မူလပိုင်ရှင်ရဲ့ ရှုထောင့်ကဆိုရင် သူမ လက်မထပ်ခင်တုန်းက သူမအဖေပြောတာ တစ်ခုပဲ နားထောင်ပြီး သူမ လက်ထပ်ပြီးသွားတော့ သူမယောက်ျားစကားပဲ နားထောင်တယ်။ ယဲ့ကျစ်ချန်းက သူမအတွက် ကမ္ဘာကြီးတစ်ခုပဲ။အခု သူမ ကမ္ဘာကြီး ပြိုကျပျက်ဆီးသွားတော့ သူမ အသက်ဆက်မရှင်နိုင်တော့ဘူး။

သူမရဲ့ တွေးပုံတွေးနည်းကြောင့် ရှုယန်အံ့ဩသွားလေတယ်။ဒီအချိန်က 1992 ဖြစ်နေပြီလေ။ဒီလို တွေးခေါ်ပုံမျိုးတွေ ရှိနေသေးတာလား?!

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now