383▫️384▫️385

1.3K 168 1
                                    


အခန်း (၃၈၃)

ဟူမိသားစုနဲ့ ကျီမိသားစုက တရားဝင် ဆက်ဆံရေး ဖျက်သိမ်းလိုက်ကြတယ်။ ဟူရွေ့ ရွှယ် ကြီးပြင်းလာချိန်မှာ အမေကျီလည်း စောင့်ကြည့်ထိန်းကျောင်းခဲ့သော်လည်း အဆုံးကျတော့ သူမသားဖြစ်သူအတွက် လက်ထပ်ဖို့ လှည့်ဖျားခဲ့တယ်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါ သူတို့ကို ခွင့်မလွှတ်ဘူး။" အမေဟူက ဒေါသအရမ်းထွက်နေပြီး ရှောင်ရွှယ် ဖြစ်ပျက်ခဲ့တာတွေကို တွေးမိကာ အသားတွေ တဆက်ဆက်တုန်လာတယ်။ သူမသားအကြောင်း သူမ မသိဘူးလို့ ပြောတယ်ပေါ့။ ဟုတ်တယ်... မှန်တယ် သူမက အမေတစ်ယောက်ဆိုတော့ သူမသား အကြောင်း မသိပဲဘယ်နေပါ့မလဲ။ သိလို့သာ သူ အထက်တန်း မပြီးခင် သူ့ကို နိုင်ငံခြား ပို့လိုက်တာပေါ့။ သူမကများ ရှောင်ရွှယ်ကို အိမ်ထောင်ပြုဖို့ ကမ်းလှမ်းဝံ့သေးတယ်။ ညဘက် သူမ ဘယ်လို အိပ်ပျော်ခဲ့ပါလိမ့်။

အမေဟူနဲ့ အမေကျီက နှစ်ပေါင်းများစွာ ရှော့ပင် အတူသွား၊ ညစာအတူစား၊ စပါး (Spa) အတူသွားတဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ အခုတော့ သူမ ကန်းခဲ့တာဖြစ်ရမယ်လို့ အမေဟူ ခံစားနေရပြီ။

အမေကျီအတွက် စကားပြောပေးတဲ့သူက အသက် ၄၀ အရွယ် ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ်။ သူတို့မိသားစုတွေက ဆက်စပ်မှုတွေ ရှိပြီး ကျီမိသားစုနဲ့ မကြာမကြာ အချိန်ဖြုန်းတယ်။အမေကျီက သူမကို အလည်အပတ်ခ အများကြီးပေးခဲ့ပြီး နောက်ဆုံးတော့ သူမအတွက် စကားပြောပေးဖို့ ဟူမိသားစုထံ သွားဖို့ ဖိအားပေးခံလိုက်ရတယ်။

အမှန်တိုင်းပြောရရင် သူမ အဲ့ကို မသွားချင်ဘူး။ ယောက်ျားတစ်ယောက်က သူမ သူ့ကို လက်မခံတာကြောင့်နဲ့ သူမကို ပြန်ပေးဆွဲ၊ မုဒိန်းကျင့်ပြီး သူမနဲ့အတူ သတ်သေချင်နေတာလေ။ရူးလိုက်တာဆိုတာ။ နန်မြို့တော်မှာ နေနေတဲ့ သူ့လိုလူတစ်ယောက်ယောက် ရှိရင်တောင် သူတို့ စိုးရိမ်နေရလိမ့်မယ်။

သူမက သတင်းပေးဖို့အတွက်သာ ဒီကို ရောက်လာတာဖြစ်ပြီး အမေကျီအတွက် စကားကောင်းတစ်ခွန်း ပြောဖို့အတွက်တောင် ရည်ရွယ်ချက်မရှိဘူး။သူမ တကယ်လုပ်ခဲ့ရင် သူမတောင် ငရဲကျသွားမှာ စိုးတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now