128▪️129▪️130

2.8K 410 4
                                    

အခန်း (၁၂၈) - ဒုတိယအကြိမ် တွေ့ဆုံမှု (3)

"ဘာလုပ်နိုင်မှာလဲလေ၊ မဟုတ်ဘူးလား။ တဖက်က သက်သေပစ္စည်းရော၊ သက်သေခံတွေနဲ့ရော ဆိုတော့ သူ နှစ်အတော်ကြာ ထောင်ကျသွားတယ်။ သူ့စစ်တပ်နောက်တန်းက ရဲဘော်တွေက ကူညီပေးခဲ့တာကြောင့်ပဲ သူ ဒီမှာ ရှိနေတာ။ မဟုတ်ရင် သူ အခုထိ ထောင်ထဲမှာ ရှိနေမှာ။ အခုတော့ သူ့အလုပ်လည်းပြုတ်၊သူ့အဖေနဲ့လည်း အဆက်အသွယ်ပျက်သွားတယ်။အဆိုးဆုံးအပိုင်းတော့ သူ ထောင်ကျနေတုန်း သူ့အပေါ် ကောင်းတဲ့ တစ်ဦးတည်းသော အဘွားက ဆုံးသွားတယ်လေ။ သူမရဲ့ နောက်ဆုံးအချိန်ကို တောင် သူမမြင်နိုင်ခဲ့ဘူးပေါ့။

သူပြန်ရောက်လာတော့ အပြင်မှာ ဒူးထောက်ပြီး ငိုနေခဲ့တယ်။ ကြားရရုံနဲ့တင်ကို နှလုံးသားထဲ တစ်ဆစ်ဆစ် ဖြစ်စရာပါပဲ။ ဘေးအိမ်က တတိယအဒေါ်ရဲ့ ယောင်းမ ပိုင်တာလေ။ သူမက အရမ်းသဘောမနောကောင်းတဲ့ လူပါ ။ ဒါပေမယ့် သူမလည်းပဲ အတော်လေး ဘဝပေးကြမ်းခဲ့တယ်။ သူမက သားနဲ့ ချွေးမ နှစ်ယောက်လုံးကို ဆုံးရှုံးခဲ့တာ။ သူမရဲ့ တစ်ဦးတည်းသော မြေးတောင် စစ်တပ်ထဲမှာ သေသွားခဲ့တာ။ သူက စစ်တပ်ထဲမှာဆို ဖုန်ကျယ်ယွီရဲ့ ရဲဘော်ရဲဘက် လေ။ ပြောတာတော့ ဖြစ်ရပ်အတွင်းမှာ တစ်ယောက်က သေသွားပြီး တစ်ယောက်က ဒဏ်ရာအပြင်းအထန် ရသွားတယ်တဲ့"

ခြုံပြောရရင် ဖုန်ကျယ်ယွီ စစ်တပ်ထဲက ပြန်ရောက်လာတော့ အဘွားအိုကို သူ့အဘွားအရင်းလိုမျိုး ဆက်ဆံခဲ့တာ။ အဘွားအိုကလည်း သူ့ကို မြေးအရင်းတစ်ယောက်လိုမျိုး သဘောထားခဲ့တယ်။သူပြန်လာတော့ သူမက ကိုယ်တိုင်သွားကြိုတဲ့ ခဲ့တယ်လေ။ ဖုန်ကျယ်ယွီက သူမရဲ့ အိမ်ထောင်စုစာရင်း အောက်မှာရှိပြီး သူ့မျိုးရိုးနာမည်ကိုတောင် အဘွားအိုရဲ့ မျိုးရိုးနာမည် ပြောင်းပြီး သူ့မြေးအစစ်ဖြစ်လာတော့မှာဆိုတဲ့ အပြောတွေတောင်ရှိတယ်...ဒါပေမယ့် ဒါက ပါးစပ်ပြောတွေပါပဲလေ"

"ငါတော့ အဲ့ဒါကောင်းတယ်လို့ ထင်တယ်။ငါဆိုလည်း အဲ့လို မိဘတွေ လိုချင်မှာ မဟုတ်ဘူး" အရေးတယူ ပြုတက်တဲ့ ဖခင်မျိုးကိုပဲ သားတွေကလေးစားကြလိမ့်မယ်။ ဘာအတွက် ဒီလို အဖေမျိုး ရှိနေတာလဲ။ သူမသာဆိုရင်လည်း သူမရဲ့ မျိုးရိုးနာမည်ကို အဖွားကြီးရဲ့ မျိုးရိုးနာမည်အဖြစ် ပြောင်းလဲလိမ့်မယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now