464▫️465▫️466

985 134 0
                                    

အခန်း (၄၆၄)

"ခွေး--မ၊ ငါ ဒီလောက် မင်းအပေါ်ကောင်းတာ။ မင်းက ငါ့နောက်ကွယ်မှာ တစ်ယောက်ယောက်နဲ့ တွေ့ရဲတယ်ပေါ့။ "ယဲ့ကျစ်ချန်း သူမကို ဆွဲကိုင်ကာ လက်မြှောက်လျက် ရိုက်ဟန်ပြင်လိုက်တယ်။

လီကျောင်းကျောင်း အသံကျယ်ကျယ် အော်လိုက်ပြီး မျက်လုံးမှိတ်ထားလိုက်တယ်။ နာကျင်မှုကို မခံစားရတာကြောင့် နှုတ်ခမ်းကိုက်ကာ ယဲ့ကျစ်ချန်းကို မော့ကြည့်ဖို့ မျက်လုံးဖွင့်လိုက်တယ်။ နာကျင်နေတဲ့ပုံစံနဲ့ သူ့ကို သူမ မြင်လိုက်ရတယ်။

" မင်းကြောင့် ငါ့ဇနီးဟောင်းကို အရာရာ ယူသွားခွင့် ပြုလိုက်ရတယ်။ မင်းကြောင့် ငါ့ဇာတိကလူတွေဆီက ရန်စခံခဲ့ရတယ်။ မင်းကြောင့် ရှင်းစီရင်စုကို ပြောင်းရွှေ့ခဲ့ရတယ်။ မင်းကြောင့် နေရာအသစ်စက်စက်ကနေ ပြန်စတင်ခဲ့ရတယ်။ ငါ ငွေရှာဖို့ အလုပ်ကြိုးစားခဲ့ပြီး မင်းကို ဒုက္ခမရောက် စေခဲ့ဘူး။ နောက်တော့ ဘာဖြစ်လဲ။မင်းက ငါ့ငွေတွေနဲ့ ငါ့နောက်ကွယ်မှာ အပျော်ကောင်လေးကို ငွေတွေ ပေးနေတယ်ပေါ့။" ယဲ့ကျစ်ချန်းရဲ့ မျက်လုံးထောင့်စွန်းတွေ နီရဲလာတယ်။

"မဟုတ်ဘူး။ အဲ့လိုမဟုတ်ပါဘူး။ အစ်ကိုချန်း ကျွန်မ ရှင်းပြပါရစေ။" လီကျောင်းကျောင်းလည်း ကြောက်စိတ်မွှန်နေတယ်။ ဒီငယ်ရွယ်ချမ်းသာတဲ့သူက သူမကို ဆွဲဆောင်ဖို့ မျက်နှာလိုမျက်နှာရ လုပ်နေတာကို သူမသိပေမယ့် ယဲ့ကျစ်ချန်းအပေါ် သူမ တကယ် သစ္စာမဖောက်ခဲ့ဘူး။

သူမ ခန္ဓာကိုယ်က ပျက်စီးနေပြီး အနာဂတ်မှာ ကလေးမရနိုင်ရင် ပြဿနာ တက်မယ်ဆိုတာ သူမ သိတယ်။ ဒီ ငယ်ရွယ်ချမ်းသာတဲ့ သူနဲ့ဆို သူမမှာ အနာဂတ်ရှိမှာ မဟုတ်ဘူး။ ယဲ့ကျစ်ချန်းကို စွန့်ခွာတာက သူမအတွက် အကျိုးမရှိဘူး။

" ကွာရှင်းရအောင်"

" ရှင် အခု ဘာပြောတာလဲ။" လီကျောင်းကျောင်း ယဲ့ကျစ်ချန်းကို မယုံကြည်နိုင်စွာ မော့ကြည့်လိုက်တယ်။" အစ်ကိုချန်း၊ ကျွန်မတို့ တကယ် ညစာပဲ စားရုံပါ။ ကျွန်မတို့ နှစ်ယောက်ကြား ဘာမှမရှိဘူး။ ကျွန်မ မကွာရှင်းချင်ဘူး။" ကွာရှင်းမယ်တဲ့လား။ သူမ ဇာတိမြို့က သူမရဲ့ ဂုဏ်သတင်းရော၊ သူမရဲ့ ခန္ဓာကိုယ်ရော ပျက်စီးနေခဲ့ပြီလေ။ သူမ ဘယ်လိုလုပ် နောက်အိမ်ထောင် ပြုနိုင်တော့မှာလဲ။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now