377▫️378▫️379

1.3K 185 1
                                    


အခန်း (၃၇၇)

ရှုယန် ကုမ္ပဏီကို သွားတော့ စွမ်ချင် ပြောခဲ့တာတွေကို ဟူရွေ့ရွှယ်ကို ပြောပြလိုက်တယ်။

" သူ(မ) တရုတ်ကို ပြန်ရောက်တာ နှစ်နည်းနည်း ကြာပြီလို့ ပြောတာလား။ ဘာကြောင့် သူ(မ) ငါ့ကို မပြောတာလဲ။ သူ(မ) မှာ တကယ် ကျီဖန်ရှန်းနဲ့ သမီးတစ်ယောက် ရှိနေတာလား။"

" ကျီဖန်ရှန်းနဲ့လား ဘာလားတော့ ငါမသိဘူး။ ကောင်မလေးကတော့ သူမကို အမေလို့ ခေါ်တယ်။ ကောင်မလေးကို ကြည့်လိုက်တော့ ကျီဖန်ရှန်းနဲ့ တကယ်တူသလိုပဲ။ စိတ်ထင်ထာလည်း ဖြစ်ချင်ဖြစ်မှာပါ။ နင်ကိုယ်တိုင် သူမကို မေးကြည့်လိုက်ပေါ့။ အဲ့ဒါကသာ တကယ်ဆိုရင် ကျီဖန်ရှန်းက တကယ်ကို မကောင်းတဲ့လူပဲ။ သူ သူမကို မကြိုက်ခဲ့ရင် ပြက်ပြက်သားသား ငြင်းလို့ရတာပဲ။ လက်မထပ်ပဲ အတူနေခဲ့ရင် သူမအပေါ် ကောင်းသင့်တယ်။ သူမကိုယ်ဝန်ရှိလာမှ ဘယ်လိုလုပ် ထွက်ပြေးသွားရတာလဲ။ နင် သူနဲ့ အတူရှိဖို့ မရွေးချယ်ခဲ့တာ ကံကောင်းသွားတာပဲ။ သူက လူဖျင်းတစ်ယောက်ပဲ။ အိုး ဟုတ်တယ်.... ကျီဖန်ရှန်းကို သတိထားဖို့လည်း သူမ ငါ့ကို ပြောခဲ့သေးတယ်။ အသေးစိတ်တော့ မပြောခဲ့ပေမယ့် သူမအသံက ရိုးသားမှု အပြည့်ပဲ။"

ကျီဖန်းရှန်းကို သတိထားဖို့လား။ ဟူရွေ့ ရွှယ် မျက်ခုံးပင့်လိုက်တယ်။ ကျီဖန်ရှန်းက သူမကို ပိုပန်းနေပေမယ့် သူမ သူ့ကို ခွင့်မပြုရင် သူလုပ်နိုင်တာ သိပ်မရှိဘူး။

တစ်ဖက်က ရှုယန်ကတော့ စွမ်ချင် အဲ့စကားကို အရမ်း လေးလေးနက်နက် ပြောခဲ့တယ်လို့ ခံစားရတယ်။ သူမ ဟူရွေ့ ရွှယ်ကို သတိမပေးမိဘဲ မနေနိုင်ဘူး။" သူ့ကို စောင့်ကြည့်ထားနော်။ အမျိုးသားတွေက ဆုံးရှုံးတဲ့အချိန်မှာ အရမ်းရူးသွပ်သွားနိုင်တယ်။ နင် သိပ်လုံခြုံမှုမရှိနိုင်ဘူး။ အကယ်၍ သူတကယ် ရူးသွပ်သွားရင် နောက်မှ နောင်တမရချင်နဲ့ "

မကြာမကြာ သူတို့ ဒီလိုသတင်းမျိုးတွေ မြင်ဖူးကြတယ်_အငြင်းခံရတဲ့ အမျိုးသားက အမျိုးသမီးကို သတ်ပစ်ခဲ့ ... သို့မဟုတ် လမ်းခွဲဖို့ ကြိုးစားတဲ့ အမျိုးသမီးကို အမျိုးသားက ဒေါသအလျောက် သတ်ပြီး သူမခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ပစ်ခဲ့...။ အားလုံးက ကြောက်စရာတွေ။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now