49▪️50▪️51

4.1K 634 12
                                    

Unicode

အခန်း(၄၉)-ဈေးဝယ်ထွက်ခြင်း(1)

တက္ကသိုလ်ရိပ်သာလမ်းရဲ့ ပတ်ဝန်းကျင်မှာ ကျောင်းတွေအများကြီးရှိပြီး လမ်းပေါ်မှာ ကျောင်းသားတွေ အများကြီးရှိတယ်။ မြင်းမြီးဆံပင်ပုံစံ မိန်းကလေးများဟာ လမ်းပေါ်မှာ လက်ချင်းချိတ်ထားလျက် စကားစမြည်းပြောကာ ရယ်မောနေကြတယ်။

ထိုမိန်းကလေးများမှာ ရှုယန်ထက် ဆယ်စုနှစ်သာလျှင် ငယ်သော်လည်း တစ်ယောက်က ကလေးနှစ်ယောက်အမေ ဖြစ်နေပြီဖြစ်တယ်။ တခြားတစ်ယောက်ကတော့ ကျောင်းတက်နေဆဲဖြစ်ပြီး နောက်ပိုင်းကြရင် အလုပ်ကောင်းကောင်းတစ်ခု ရနိုင်လိမ့်မယ်။ ဘဝက မမျှတတာ သေချာပါတယ်။

"အမေ၊ သူတို့အားလုံးက ကောလိပ်ကျောင်းသားတွေလား" ယဲ့ကျင်းကျင်း မိန်းကလေးတွေကြည့်ရင်း မေးလိုက်တယ်။ သူမမျက်လုံးတွေကတော့ တလက်လက်တောက်ပနေလေရဲ့။

"အင်း၊ သမီးစာကြိုးစားရင် သမီးလည်း အနာဂတ်ကြရင် ကောလိပ်ကျောင်းသူတစ်ယောက် ဖြစ်နိုင်လိမ့်မယ်" ရှုယန် ယဲ့ကျင်းကျင်းခေါင်းလေးကို ပွတ်သပ်ပေးပြီး ပြောလိုက်တယ်။ မူရင်းဝတ္ထုထဲမှာ ယဲ့ကျင်းကျင်းက ကောလိပ်တက်ဖို့ အခွင့်ရေး မရခဲ့ဖူးဘူး၊ အဲ့အခွင့်အရေးကို သူမတကယ်လိုချင်နေတာ ဖြစ်မယ်။

"သမီးက ကောလိပ်တက်လို့ရတာလား"ယဲ့ကျင်းကျင်းမေးလိုက်တယ်။ သူမမျက်လုံးများက မျှော်လင့်ချက်နဲ့ ပြည့်နေလေရဲ့။

ရွာမှာတုန်းကဆို မိန်းကလေးတွေက ကောလိပ်သွားဖို့မလိုဘူးလို့ အဘွားက အမြဲပြောခဲ့တယ်။ သူတို့က အလုပ်ကြိုးစားဖို့ပဲ လိုတာတဲ့။ အတန်းကျောင်းတက်ပြီး စာနည်းနည်းလောက် ဖတ်တက်ရင် လုံလောက်ပြီတဲ့။ သူမအမေကတော့ တခြားဘာစကားမှ မပြောဖူးဘူး။ သူမက ရွာကတခြားသူတွေလိုမျိုးပဲ ဖြစ်တော့မယ်ဟု ယဲ့ကျင်းကျင်း အမြဲထင်ထားခဲ့တယ်။ သူမ အတန်းကျောင်းပြီးရင်း အိမ်အလုပ်တွေကူဖို့ အိမ်မှာနေရမယ်။ အိမ်ထောင်ပြုရမယ့် အရွယ်ရောက်ရင် အိမ်ထောင်ပြုရပြီး သူမဘဝက သူမအမေလိုမျိုးပဲ သက်ရှင်နေထိုင်ရမယ်လို့ပေါ့။ ဒါပေမယ့် အခုပဲ သူမအမေက သူမ ကောလိပ်သွားလို့ရတယ်လို့ ပြောခဲ့တယ်။


သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Onde as histórias ganham vida. Descobre agora