176▪️177▪️178

2.4K 318 4
                                    


အခန်း (၁၇၆) - ညစာ  ( 2 )

မိုးလေဝသ သတင်းကတော့ ဒီညမိုးရွာမယ်တဲ့။ ရှုယန် ပြတင်းပေါက်တွေကို ပိတ်လိုက်ပြီး အိမ်ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပြီးနောက် မီးပိတ်ကာ ထွက်လာခဲ့တယ်။ သူမ ဓာတ်လေကားထဲမှာ ကျန်းကျဲနဲ့ ဆုံတယ်။ ရှုယန် ဒီမှာရှိတာ နည်းနည်းကြာပြီဆိုပေမယ့် အရင် သူမနဲ့ တစ်ခါမှ မဆုံဖူးသေးဘူး။

"ရှင် ပြောင်းလို့ ပြီးပြီလား၊ ကျန်းကျဲ" သူမက နေ့စဉ်သုံးပစ္စည်းအများအပြားကို သယ်ထားတာကို ရှုယန် မြင်နိုင်တယ်။

"ဘယ်လိုထင်လို့လဲ? ငါ့ဆွေမျိုးတွေ အလည်ရောက်လာကြလို့လေ။ အိမ်မှာ အခန်းအလုံအလောက်မရှိတော့ ငါ့ယောက်ျားနဲ့ ကလေးတွေကို အိမ်သစ်မှာ တစ်ညသွားအိပ်ခိုင်းရတော့တာပေါ့" သူမရဲ့ဆွေမျိုးတွေအကြောင်း ပြောနေတဲ့ ကျန်းကျဲ ရဲ့ နှုတ်ခမ်းက တွန့်ကွေးနေတယ်။ " သူတို့က အရမ်းသွေးဝေးတဲ့ ဆွေမျိုးတွေဆိုပေမယ့် သူတို့ နန်မြို့တော် ရောက်တဲ့ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ငါ့နေရာကို လာတည်းတယ်။ အခန်းခနဲ့ ထမင်းလခကွေ စုမိပေမယ့် ငါ့မိသားစုအတွက်တော့ ဒါက စိတ်အနှောက်အယှက်ပေါ့"

ဒီကာလက လူတွေက ချွေတာတက်ပြီး များသောအားဖြင့် သူတို့ရဲ့ နယ်ခံ ဆွေမျိုးများဆီမှာပဲ တည်းခိုကြလိမ့်မယ်။ သို့သော်လည်း အများစုကတော့ သူတို့ လာတဲ့အချိန် လက်ဆောင်တွေယူလာမှာ သေချာပါတယ်။ သူတို့က ဘယ်တော့မှ လက်ဗလာနဲ့ မသွားကြဘူး။ ကျန်းကျဲပြောကြားချက်အရတော့ သူမ ဇာတိမြို့မှ ဆွေမျိုးတွေ အိမ်ကို အလည်လာတဲ့အခါ အနည်းဆုံးတော့ သူမက အပိုချက်ပြုတ်ဖို့နဲ့ အိပ်ရာထိုင်ခင်းပေးဖို့ လိုလိမ့်မယ်။ သူမရဲ့ ပထမနေရာက မကြီးလို့ သူမ ငြီးတွားနေတာ ဖြစ်မယ်။

ဒါပေမယ့် အဲ့ဒါက သူမ ဝင်ပါသင့်တဲ့နေရာမဟုတ်ပါဘူးလေ။ ရှုယန် သူမကို ကိုးရိုးကားယားနိုင်စွာ ပြုံးပြလိုက်ပြီး ပြောလိုက်တယ်။"ရှင့် နေရာသစ် ပြုပြင်မွမ်းမံတာက မပြီးသေးဘူးလား"

သူမ မှတ်မိတာ မှန်မယ်ဆိုရင် သူတို့နှစ်ယောက်လုံး အိမ်ဝယ်ခဲ့တဲ့ အချိန် အတူတူပဲလေ။ သူမလည်း အလျင်စလို လုပ်ခဲ့တာလားလို့။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now