474▫️475▫️476▫️477

2.4K 211 46
                                    

အခန်း(၄၇၄)

ဖုန်ကျယ်ယွီက ရှုယန်လို စိတ်မရှည်ဘူး။ သူက သမီးတစ်ယောက် မဟုတ်ဘူးလေ။ သူ့သားက အရိုက်ခံသင့်တယ်။ သူ့ကို လေ့ကျင့်ရေးသင်တန်းသား သွားမလုပ်ခိုင်းဘူး။ ပြည်တွင်းမှာ အရင် အလုပ်လုပ်ခိုင်း ရလိမ့်မယ်။ ပြည်တွင်းမှာတောင်မှ မဖောက်ထွင်းနိုင်ခဲ့ရင် နိုင်ငံခြားထွက်ဖို့ ပြောနေစရာကို မလိုဘူး။

သူနဲ့ အလုပ်တွဲလုပ်တဲ့ ဖျောင်ဖြေရေး ကုမ္ပဏီက လေ့ကျင့်ရေး သင်တန်းသားတွေကို ရှာနေပြီး ဖုန်ကျယ်ယွီ သူ့ကိုအဲ့မှာ နေရာပေးခဲ့တယ်။ ရှောင်ပေါင် ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ သူတို့ကို ပေးမသိခဲ့သလို သူ ဘယ်သူဝါ ဖြစ်တယ်ဆိုတာကို ရှောင်ပေါင်ကို ထုတ်ဖော်ခွင့် မပြုထားဘူး။ သူ့ကိုကုမ္ပဏီက တခြားသူတွေလိုပဲ ဆက်ဆံခိုင်းထားတယ်။

တစ်ပတ်ကြာပြီးနောက် ရှုယန် ရှောင်ပေါင်ကို တိတ်တိတ်လေး စစ်ဆေးကြည့်လိုက်တော့ သူ ဝိတ်ကျသွားတာ သတိထားမိလိုက်တယ်။

" အရမ်းပြင်းထန်တာပဲ။ ကျွန်မ သူ့ကို ပြန်သွားခေါ်သင့်ပြီ" ရှုယန် နှလုံးသားလေး နာကျင်နေတယ်။

"သူက ခေါင်းမာတယ်။ မင်း သွားခေါ်ရင်တောင် သူပြန်လိုက်မှာ မဟုတ်ဘူး။ ဒါ့အပြင် ဘဝက သူ့အတွက် နည်းနည်းလောက် ခက်ခဲကြမ်းတမ်းတော့ရော ဘာဖြစ်လဲ။ ထျန်းပေါင်က စစ်တပ်ထဲမှာ ပိုကြမ်းတမ်းခဲ့ပြီးပြီ။" ရှောင်ပေါင်က အရမ်းငယ် သေးလို့ မဟုတ်ရင် ဖုန်ကျယ်ယွီ သူ့ကိုလည်း စစ်တပ်ထဲ ထည့်လိုက်မှာ ဖြစ်တယ်။

ထျန်းပေါင်က သူ့ စစ်တပ်ဟောင်းထဲ ဝင်ခဲ့တယ်။ သူတို့ရဲ့ လေ့ကျင့်ရေးက ဘယ်လောက် ခက်ခဲလဲဆိုတာ ဖုန်ကျယ်ယွီ သိတယ်။ ထျန်းပေါင်က နှစ်နှစ်အတွင်း ဖုန်းမခေါ်ပဲ မညည်းညူခဲ့ရင် ရှောင်ပေါင် ဖြတ်ကျော်ဖို့အတွက်လည်း ဘာမှမဟုတ်ဘူး။

ရှောင်ပေါင်ကလည်း ခေါင်းမာတဲ့သူ ဖြစ်တယ်။ သူ ဘယ်တော့မှာ ရှုယန်ကို မညည်းညူပြဘူး။ အရာအားလုံး အဆင်ပြေပါတယ်လို့ပဲ သူမကို ပြောတယ်။ရံဖန်ရံခါ ညလယ်မှာ သူ့မျက်လုံးကို ပွတ်သပ်ပြီး နည်းနည်း နောင်တရလိမ့်မယ်။

🎉 You've finished reading သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed|| 🎉
သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now