64▪️65

3.7K 573 12
                                    


အခန်း(၆၄)-ကလေးတွေကြားက ပဋိပက္ခလေးတစ်ခု

"ကျင်းကျင်းအမေ၊ ဒီနေ့ အတန်းဖော်ကျင်းကျင်းက ကျောင်းမှာ တခြားအတန်းဖော် တချို့နဲ့ သဘောထားကွဲလွဲမှုလေး ဖြစ်ခဲ့တယ်။ ရှင် ကျွန်မတို့ရုံးဆီ ခဏလာဖို့လိုတယ်။" ဆရာမကျန်းက ယဲ့ကျင်းကျင်းရဲ့ အတန်းပိုင်ဆရာမ ဖြစ်တယ်။ သူမက ကျောင်းရှေ့မှာ မိဘသုံးယောက်ကို တမင်သက်သက် စောင့်နေခဲ့တာ။

"ကျင်းကျင်းက မနာခံဘူးလား"ဒါက သူမ မေးနေတာ ဖြစ်နိုင်ပေမယ့် သူမသမီးက အတော်လေးလိမ္မာတယ်ဆိုတာ သူမသိပြီးသားပါ။ သူမ သူတစ်ပါးကို ပြဿရှာမယ့်သူမျိုးမဟုတ်ဘူး။ သူမက အနိုင်ကျင့်ခံရတဲ့အခါမှာတောင် စကားတစ်လုံးမပြောမယ့်သူမျိုး ဖြစ်တယ်။ ယဲ့ထျန်းပေါင်နဲ့ တခြားစီဖြစ်လျက် သူမသမီးအနိုင်ကျင့်ခံနေရမှာကို ရှုယန် ပိုစိုးရိမ်မိတယ်။

"အိုး အခု စိတ်မပူသေးပါနဲ့အုံး။ ကလေးတွေကြားက အထင်လွဲမှု တချို့တလေပါပဲ။" ဆရာမက ညင်ညင်သာသာပြုံးပြီး ပြောလိုက်တယ်။

ရှုယန် စိတ်အေးစွာ သက်ပြင်းချလိုက်တော့တယ်။ သူမ ရု‌ံးထဲဝင်လာတော့ ငိုနေတဲ့ ကောင်မလေးကိုနှစ်သိမ့်နေတဲ့ လှပတင့်တယ်တဲ့ အဝတ်အစားနဲ့ အမျိုးသမီးကို မြင်လိုက်တယ်။ ကလေးနှစ်ယောက်က ဆရာမရဲ့ စားပွဲရှေ့မှာ ရပ်နေတယ်။ သူတို့ထဲကတစ်ယောက်က ခပ်ဆိုးဆိုးဖြစ်ပုံပုံပေါ်တဲ့ ကောင်းလေးဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူမ သမီးပါ။

"မင်္ဂလာပါ၊ ကျင်းကျင်းအမေ မဟုတ်လား" အမျိုးသမီးက သိမ်သိမ်မွေ့မွေ့နဲ့ စူးစမ်းမေးမြန်းလာတယ်။ ရှုယန် ရှေ့က ခပ်ဝဝ အမျိုးသမီးကို သာမန်အကြည့်ဖြင့်ကြည့်လိုက်တယ်။ သူမက ရွာသူတစ်‌ယောက်ပုံပေါ်ပေမယ့် သားရေထောက်မြင့် ဖိနပ်ကို စီးထားပြီး သူမ ဝတ်စုံက သင့်တင့်ကောင်းမွန်စွာဖြင့် သူမနဲ့ အတော်လေးလိုက်ဖက်တယ်။ သူမဆံပင်ကို ခေါင်းနောက်ဘက်သို့ သပ်သပ်ရပ်ရပ်သိမ်းထားပြီး မျက်လုံးတွေကလည်း ကြည်လင်သန့်စင်နေတယ်။ သူမရဲ့ဝတ်စားဆင်ယင်ပုံနဲ့ အပြုအမူတွေကတော့ ရွာသူတစ်ယောက်အနေနဲ့ မကိုက်ညီဘူး။ ခြုံပြောရရင် သူမက ဝိရောဓိခံစားချက်ကို ပေးစွမ်းတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now