419▫️420▫️421▫️422

1K 151 0
                                    


အခန်း (၄၁၉)

ရှင်းစီရင်စု ဆေးရုံက စစ်ဆေးချက်စာရွက် လက်ထဲမှာ ကိုင်ထားတဲ့ ရွှယ်လိတစ်ယောက် အပြုံးကြီး ပြုံးလိုက်တယ်။

ရွှယ်လိဆီက ဖုန်းလက်ခံရရှိတဲ့ အချိန်မှာ ယဲ့ကျစ်ချန်း နည်းနည်းတော့ မှင်သက် အံ့ဩသွားတယ်။"မင်းပြောတာ သေချာလား"

"ကျွန်မ အခုလေးတင်မှ ဆေးရုံက ပြန်လာတာ။ ရှင် ... ရှင် ဒီညလာမှာလား။"ရွှယ်လိ ရှက်ရှက်ရွံ့ရွံ့ပုံနဲ့ မေးလိုက်တယ်။

"လာမှာပေါ့" ရွှယ်လိက အရင်က ကျောင်းမတက်ဖူးပေမယ့် ထက်မြက်တယ်။ သူမ မြို့ကို ပြောင်းလာပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ရေးနိုင်၊ ဖတ်နိုင်ခဲ့တာ သေချာတယ်။သူမကလေးကလည်း သန်မာကြံ့ခိုင်ပြီး ထက်မြက်မှာ သေချာတယ်။ ထျန်းပေါင်အနေနဲ့ကတော့ ယဲ့ကျစ်ချန်း သူ့အကြောင်း လုံးဝမေ့နေခဲ့ပြီဖြစ်တယ်။

ယဲ့ကျစ်ချန်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ကနေ တစ်နာရီ စောပြီး အိမ်ရောက်လာတယ်။ သူ စစ်ဆေးမှုရလဒ်ကို မြင်တော့ ကျေနပ်အားရတဲ့ အပြုံး ပြုံးလိုက်တယ်။ "မင်းက အိမ်မှာကောင်းကောင်းနေပြီး ငါ့အတွက် ယောက်ျားလေးတစ်ယောက်မွေးပေးပါ။ ငါ မင်းကိုရော၊ မင်း သားကိုရော ကောင်းကောင်းဆက်ဆံပါ့မယ်"

"သမီးတစ်ယောက် ဖြစ်ရင်ရော ရှင်က မကြိုက်တော့ဘူးလား" ရွှယ်လိ ညုတုတု မေးလိုက်တယ်။

"မင်းဆီက ဘယ်ကလေးမဆို ကိုယ်သေချာပေါက် ကြိုက်တာပေါ့။" ယဲ့ကျစ်ချန်း ရွှယ်လိကို ဖက်လိုက်ပြီး အယုံသွင်း စကားပြောလိုက်တယ်။

ယဲ့ကျစ်ချန်း ဘယ့်သူ့ကိုမှ မပြောဖူးတဲ့ အရာတစ်ခု ရှိတယ်။ သူ လီကျောင်းကျောင်းကို မြင်မြင်ချင်း ချစ်မိခဲ့တယ်။ အဲ့ဒါက အရေးပါတာ ဖြစ်လိမ့်မယ်လို့ သူ ခံစားခဲ့ရတယ်။ သူ့ရဲ့ သမီးကြီးကျင်းကျင်းကို လုံးဝနီးပါး မချစ်ပေမယ့် သူမအတွက် ခံစားချက် ရှိပါတယ်။ ထျန်းပေါင်အတွက်ကို ပိုပြီး ခံစားချက်ရှိတာပေါ့။ သူက သူ့သားလေ။ ရှင်းမပြနိုင်သော အကြောင်းချက်ပေမယ့် လီကျောင်းကျောင်း ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ သူ သူမကို ကမ္ဘာကြီးတစ်ခုလုံးပေးဖို့ ပြင်းပြင်းပြပြဆန္ဒရှိလေလေ ရှုယန်နဲ့ ကလေးနှစ်ယောက်ရဲ့ တည်ရှိမှုကို သည်းမခံနိုင်လေလေပဲ။ အဲ့ဒါက ရှုယန်ရဲ့ ခြိမ်းခြောက်မှု ကောင်းကောင်းအလုပ်ဖြစ်တဲ့ အကြောင်းဖြစ်ပြီး ကလေးနှစ်ယောက်ရဲ့ အုပ်ထိန်းပိုင်ခွင့်ကို မစွန့်လွှတ်ခင် တုံ့ဆိုင်းမှု တစ်ချက် မရှိခဲ့ဘူး။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now