▪️5▪️

5.4K 665 4
                                    

Unicode

အခန်း(၅) - သက်သေ စုစောင်းခြင်း (1)

ရှုယန်က မတိုက်ခိုက်ဘဲ ကျော်သွားတတ်တဲ့ ပုံစံမဟုတ်ဘူး။ ယဲ့ကျစ်ချန်း နဲ့ လီကျောင်းကျောင်း နေ့ရော၊ ညပါ အတူတူရှိနေတာကို တွေ့ရတာက အကောင်းဆုံး သက်သေပဲ။ ကံမကောင်းတာစွာ သူတို့နှစ်ယောက်ကြားက လူမှုရေးအဆင့်အတန်း ကွာခြားမှုကြောင့် ဘယ်သူကမှ သူမအတွက် သက်သေခံပေးမှာမဟုတ်ဘူး။ မျက်မြင်သက်သေကို ရွေးချယ်လို့မရရင် သက်သေပစ္စည်းတွေ စုဆောင်းဖို့ လိုအပ်တယ်။

ယဲ့ကျစ်ချန်း နဲ့ လီကျောင်းကျောင်း အိပ်ရာထဲ အတူတူရှိနေတာကို ဖမ်းနိုင်ဖို့ဆိုရင် သူတို့ရဲ့လွန်လွန်ကျူးကျူး ဖြစ်နေတဲ့ ဓာတ်ပုံတွေရဖို့ တစ်ယောက်ယောက် ဖြစ်စေ၊PI ကို ဖြစ်စေ အခပေးငှားယမ်းဖို့ လိုလိမ့်မယ်။အမျိုးသမီးတွေပဲ နာမည်ဂုဏ်သတင်းက တန်ဖိုးရှိတာမဟုတ်ဘူး။ ယဲ့ကျစ်ချန်း အတွက်လည်း နာမည်ဂုဏ်သတင်းက အတော်လေး အရေးကြီးတယ်။သူမဆီမှာ သာ ဓာတ်ပုံတွေရှိရင် တရားရုံး ဆိုတာ သူမလက်ထဲက ဘောလုံးပဲ။

သူမရဲ့ တွက်ချက်မှုအရဆိုရင် လီကျောင်းကျောင်းက ကိုယ်ဝန်ဆောင်နေရလောက်ပြီ။ အဲ့ဒါကပဲ ယဲ့ကျစ်ချန်း အလျင်စလိုကွာရှင်းချင်နေရတဲ့ အကြောင်းပြချက် ဖြစ်လောက်တယ်။ လီကျောင်းကျောင်း ဘယ်ဆေးရုံမှာ စစ်ဆေးနေလဲဆိုတာ သူမ ရှာဖို့ လိုအပ်တယ်။ ဆေးရုံက ဆေးစစ်ချက်ရလဒ် သူမလက်ထဲ ရနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။

သူမမှာ အချိန်သိပ်မကျန်တော့ဘူး။ ယဲ့ကျစ်ချန်းက ကွာရှင်းခွင့်ရဖို့အတွက် မူလပိုင်ရှင်ကို ဖိအားပေးနေပြီ။ သူကိုယ်တိုင်က ဘာလုပ်ရှားမှုမှ လုပ်မှာမဟုတ်ပေမယ့် သူက ကန်ထရိုက်တာတစ်ယောက်လေ။ သူ့အတွက် အလုပ်လုပ်ပေးနေတဲ့ ယောက်ျားတွေ အများကြီးရှိမှာပဲ။ယောက်ျားတစ်ယောက်က တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် မင်းက သူတို့ရဲ့ဇနီးလား ဒါမှမဟုတ် မင်းမှာ သူ့ရဲ့ ကလေးရှိနေတာလား ဆိုတာတွေ ဂရုစိုက်တော့မှာ မဟုတ်ဘူး။

ဒါကြောင့် သူမ အပြင်ထွက်ပြီး အကူအညီ ရှာဖို့ အဝတ်လဲရန် ချက်ချင်း ထရပ်လိုက်တယ်။နံရံကပ်မှန်ရှေ့လည်း ရပ်လိုက်ရော သူမရဲ့ မြင့်မားနေတဲ့ စိတ်လေးဟာ ချက်ချင်းပဲ ဖုန်းဖုန်းလဲပြိုကျသွားတော့တယ်။သူမက လှပလွန်းတဲ့ မိန်းကလေးတစ်ယောက်မဟုတ်ပေမယ့် ရုပ်ဆိုးတဲ့သူလည်းမဟုတ်ပါဘူး။ သူမက သာမန်ပဲ ဖြစ်တယ်။ ဒါပေမယ့် သူမသာ ရေချိုးသန့်ရှင်းရေးလုပ်လိုက်တဲ့အခါ ဟိုနေရာ ဒီနေရာကနေ ချီမွမ်းမှု တစ်ခု၊ နှစ်ခု ရနေအုံးမှာပဲ။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Onde as histórias ganham vida. Descobre agora