76▪️77▪️78▪️79▪️80

4K 481 15
                                    

အခန်း (၇၆) - ကုန်ပစ္စည်းရှာဖွေခြင်း(4)

"ကျွန်တော်တို့မှာ ဒီဇိုင်းတွေ အများကြီးရှိပါတယ်။ 20 နဲ့ 30 ကြား ဒီဇိုင်းတွေပေါ့။ ရိုးရိုးသားသား ပြောရရင် ကျွန်တော်တို့က နေရာမှာ ရှိတဲ့ စက်ရုံတွေ အားလုံးထဲမှာ အများဆုံးရှိတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုထိ နောက်ဆုံး ဆုံးဖြတ်ချက်မချရသေးဘူးလေ။ နောက်တစ်ပတ် ဒါမှမဟုတ် တစ်ပတ်နီးပါးလောက် ကျရင် ဖြစ်လောက်မယ်။ တစ်ပတ်အတွင်း ကျမှ ပြန်လာရင် ရော?"ပိုင်ရှင်ဟယ်က ပြုံးပြလာတယ်။

"အဲ့ဒါ အလုပ်ဖြစ်တယ်။ရှုယန်ခေါင်းညိတ်ပြလိုက်ပြီး ပိုင်ရှင်ဟယ်ကို သူမဆိုင်ရဲ့လိပ်စာ ပေးလိုက်တယ်။"နောက်တစ်ကြိမ် အခွင့်အရေးရှိရရင် ပြောပြပါဦး။ ပြုပြင်မွမ်းမံနေတဲ့ အခန်းတွေကိုမြင်ရင် ကျွန်မကို အကြောင်းကြားနိုင်ပါတယ်။

သူမဟာ ဆိုင်ပိုင်ရှင် အစစ်အမှန်ဖြစ်တယ်ဆိုတာ သူသိအောင်လို့ သူမရဲ့လိပ်စာကို ချန်ထားပေးခဲ့တယ်။ သူမက တခြားစက်ရုံတစ်ခုက သူလျှိုဆိုပြီး တွေးတားမျိုး မဖြစ်စေချင်ပါဘူး။

သေချာတာပေါ့။ သူမရဲ့ဆိုင်လိပ်စာကိုရပြီးနောက်မှာ ပိုင်ရှင်ဟယ်တစ်ယောက် ပိုပြီးတော့ သဘောရိုးလာတယ်လေ။ သူက ရှုယန်ကို တံခါးရှေ့လိုက်ပို့ရင်း သူမ ကုန်ပစ္စည်းတွေ နောက်တစ်ခါ လာကြည့်ဖို့ ရက်ချိန်းသတ်မှတ်လိုက်တယ်။

ပိုင်ရှင်ဟယ်လိုတစ်ယောက်ဆီမှာ အသက်၂၀နဲ့၃၀ကြား ဒီဇိုင်းတွေ အများကြီး ရှိနေပြီးသားပါ။ ဒါပေမယ့် သူမက ဆိုင်ဆက်ဖွင့်သွားမှာလေ။ အနည်းဆုံးတော့ မတူညီတဲ့ ဒီဇိုင်းမျိုး ၁၀၀လောက် လိုအပ်တယ်။

နောက်ကျနေပြီမို့ နောက်နေ့မှပဲ တခြားစက်ရုံနှစ်ခုကို သွားစစ်ဆေးကြည့်တော့မယ်။ ပြုပြင်မွမ်းမံခြင်း ပြီးခါနီးကျရင် ဟန်မြို့တော်က လက်ကားဈေးဆီ သွားကြည့်ဖို့ လိုတယ်။ အစပိုင်းမှာ ပိုပြီးပင်ပန်းရမယ်ဆိုပေမယ့် ပိုကောင်းလာမှာပါ။

နောက်ဆုံးတော့ သူမ ကျူတိုရီရယ်စင်တာကို ရောက်တဲ့အချိန်မှာတော့ ယဲ့ထျန်းပေါင်တစ်ယောက်ပဲ ရှိတော့တယ်။ ရှုယန် ရှက်ရွံ့‌နေမိရင်း ဆရာမကို တောင်းပန်စကားဆို လိုက်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now