▪️1▪️

10.2K 743 14
                                    

Unicode

အခန်း(၁) - ဘန်း!မိခင်တစ်ယောက်အဖြစ် ဘ၀ခရီးစတင်ခဲ့ပြီ ၊ စိတ်လှုပ်ရှားစရာပဲ! (၁)

ရှုယန် ထထိုင်နိုင်ဖို့ သူ့မရဲ့ လေးလံနေတဲ့ ခေါင်းကို ကိုင်ထားလိုက်တယ်။သူမရဲ့ မျက်လုံးထဲ မှောင်မဲသွားရောပဲ။ အိုး ဟာ မနေ့ညက ပုံမှန်ထက် နောက်ကျပြီး အိပ်ရာဝင်ခဲ့တာ။ အခုတော့ သူမ ခေါင်းတစစ်စစ် ထိုးကိုက်နေရပြီလား?သူမဖျားနေတာများလား?

သူမရဲ့ လက်တွေ၊ ခြေထောက်တွေက တကယ့်ကို နုံးချိနေတယ်။တစ်ကိုယ်လုံးလဲ အားနည်းနေသလိုပဲ။ပါးစပ်နည်းနည်းဖွင့်လိုက်တော့ သူမလည်ချောင်းက ပိတ်ဆို့နေသလိုပဲ။ သူမ ဘာသံမှမထွက်နိုင်ဘူး။

အို ချီးပဲ၊ဒီတော့ သူမကိုယ်တိုင် အတွက် အရေးပေါ် ကားတောင်မှ မခေါ်နိုင်တော့ဘူးပေါ့။

ထပ်ပြီးမကြိုးစားကြည့်ခင် သူမ မလှုပ်မယှက်ထိုင်နေခဲ့တယ်။အိုကေ၊ နောက်ဆုံးတော့ သူမ အသံပြန်ရပြီ။မူးနှောက်နှောက်နဲ့ပဲ အရေးပေါ်ကို ခေါ်ဖို့ ဖုန်း ရှာလိုက်တယ်။သူမက နိုင်ငံခြားမြို့ကြီးမှာ အလုပ်လုပ်နေခဲ့ပြီး၊ သူမအတွက် အခန်းငယ်တစ်ခန်း ငှားထားခဲ့တယ်။တစ်ယောက်ယောက် လာရှာမှာ ကိုစောင့်နေရင်တော့ သူမခန္ဓာကိုယ်ကို က အေးခဲပြီး တောင့်တင်းနေလောက်ပြီ။

သူမအိပ်ယာအောက်ကို စမ်းမိသွားတော့ ပိုက်ဆံ တစ်အုပ်ကို ဆွဲထုတ်မိလိုက်တယ်၊အပြာနုရောင် ရာတန် ဒေါ်လာတွေ ?ရှုယန် ခဏလောက် ရပ်တန့်သွားလေတယ်။သူမ ဒီငွေကြေးကို ရင်းနှီးပါတယ် - သူမငယ်ငယ်တုန်းက ဒီငွေကြေးကို အသုံးပြုခဲ့တာလေ။ ဒါပေမယ့် အစိုးရက ငွေကြေးအသစ်ထုတ်ဝေပြီး တည်းက ဒါတွေက ဈေးကွက်မှာ မရှိတော့တာ။

သူမအိပ်ယာအောက်မှာ ဒီပိုက်ဆံမျိုး မသိမ်းထားခဲ့တာလုံးဝသေချာပါတယ်။မနေ့က သူမအားလပ်ရက်မှာ အိပ်ရာခင်းသစ်တစ်ခုလဲ ထားခဲ့ရုံပါ။ သူမခေါင်းအုံးအောက်မှာ ဖုန်းပဲ ရှိတယ်။သူမ တစ်နေ့လုံး အိမ်ထဲက မထွက်သလို ဘယ်သူမှလည်း သူမအခန်းထဲ မလာခဲ့ပါဘူး။ဒီတော့ ဒီပိုက်ဆံက ဘယ်ကရောက်လာတာလဲ?

ကြောက်စရာအကောင်းဆုံး ကိစ္စကတော့ သူမ လက်တွေပဲ။ ရှုယန်က သာမန်ရုပ်ရည်လောက်ပဲ ရှိပေမယ့် သူမ လက်တွေကတော့ အတော်လေးလှတယ်။သူမ လက်ချောင်းတွေက ရှည်မျောမျော၊ သွယ်လျလျနဲ့ သူမလက်သည်းတွေက နှင်းဆီရောင်သန်းနေတာ။လူအများကြီးက သူမကို စန္ဒရားတီး သင်သင့်တယ်လို့ တောင် အကြံပေးကြသေးတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now