36▪️37▪️38▪️39

4.5K 653 14
                                    

Unicode

အခန်း(၃၆)-ဆိုက်ရောက်(၁)

90ခုနှစ်တွေက အစိမ်းရောင်ရထားက အနာဂတ်က မြန်နှုန်းမြင့် ရထားနဲ့ အတော်လေးကွာတယ်။ ခြုံပြောရရင် လေထု‌အရည်အသွေးက မကောင်းလှဘူး။ ဘေးနားက လူတွေ ဆေးလိပ်သောက်ပြီး မနက်စာစားတဲ့အချိန်မှာ သူတို့ကထိုင်ရုံသာ ရှိသေးတယ်။ တချို့က သူတို့ဖိနပ်‌တွေကိုတောင် ချွတ်ပစ်ထားကြတယ်။ လျှောက်လမ်းတစ်ခုလုံးက ရှုပ်ပွနေပြီး ချွေးနံ့တွေ၊ ဖိနပ်ကထွက်တဲ့အနံ့တွေ၊ အစားသောက်နံ့များနှင့်အတူ ဆေးလိပ်မီးခိုးငွေ့နံ့တွေနဲ့ ပြည့်နှက်နေတယ်။

ရှုယန် ပြတင်းပေါက်လေးနားကပ်ကာ အသက်ရှူထုတ်လိုက်တယ်။ ကံကောင်းထောက်မစွာ ပြတင်းပေါက်က ဖွင့်လို့ရသွားခဲ့တယ်။ မဟုတ်ရင် သူမတော့ အံထွက်လာမိတော့မှာပဲ။

ရှုယန် နိုင်ငံတစ်ခုလုံးပါဝင်တဲ့ မြေပုံကိုဝယ်ယူခဲ့ပြီး သူတို့ မထွက်ခွာခင် လေ့လာခဲ့တယ်။ သူတို့ ရှီမြို့တော်ကနေ ထွက်ခွာလာခဲ့အချိန်မှာ သူတို့ရဲ့ ဦးတည်ရာကို သတ်မှတ်ရတော့မယ်လို့ စဉ်းစားမိလိုက်တယ်။

သူမရဲ့အရင်ဘဝက အသက်သုံးဆယ်ထိနေခဲ့ပေမယ့် အတွေ့အကြုံများတဲ့ လူတစ်ယောက်အဖြစ်တော့ ယူဆလို့မရဘူး။ သူမ ဘွဲ့ရပြီးနောက် အိမ်ကို ပြန်သွားခဲ့ပြီး နှစ်နှစ် ကြာပြီးနောက် ကောလိပ်တက်တဲ့မြို့ကို ပြန်သွားခဲ့တယ်။ သူမအလုပ်တောင်မှ စိန်ခေါ်မှု သိပ်မများပဲ ဝင်ငွေက သူမ အသုံးစရိတ် ကာမိရုံမျှပဲ ရှိတယ်။ သူမ ဘဝတစ်လျှောက်လုံး ရည်ရွယ်ချက်မရှိပဲ ကုန်ဆုံးခဲ့တယ်။

သူမတစ်ယောက်တည်းဆိုရင်တော့ ဘယ်နေရာသွားသွား ကိစ္စမရှိပါဘူး ။ ဒါပေမယ့် အခုက ကလေးနှစ်ယောက်လည်းရှိလာတော့ သူမဆုံးဖြတ်ချက်မချခင် သူတို့ဖို့ အရင်တွေးရမယ်။

သူမ ကောလိပ်တက်ခဲ့တဲ့ မြို့တော်ကို ရွေးချယ်လိုက်တယ်။ အဓိကကတော့ သူမ ဒီနေရာနဲ့ ရင်းနှီးနေတာကြောင့်ပါပဲ။ သူမ အခုရှိနေတဲ့နေရာက သူမလာခဲ့တဲ့နေရာရဲ့ အပြိုင်စကြာဝဠာ ဖြစ်သော်ငြား သမိုင်းကတော့ မကွဲပြားဘူး။ တူညီတဲ့ကမ္ဘာတွေ တူညီတဲ့ နိုင်‌ငံတွေ ရှိနေတုန်းပဲ။ နာမည်တွေခြားနားသွားနိုင်ပေမယ့် ပထဝီအနေအထားအရတော့ တူနေသေးတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||حيث تعيش القصص. اكتشف الآن